တံတားဦးမြို့နယ်တွင် ပြည်သူလူထုအခြေပြု သွေးလွန်တုပ်ကွေးရောဂါ ကူးစက်မှုထိန်းချုပ်ရေး ကွင်းဆင်းဆောင်ရွက်

တံတားဦး ဇွန် ၁၇

တံတားဦးခရိုင် တံတားဦးမြို့နယ်တွင်  ပြည်သူလူထုအခြေပြု သွေးလွန်တုပ်ကွေးရောဂါကူးစက်မှုထိန်းချုပ်ရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက်(၇)နာရီက တံတားဦးမြို့ အမှတ်(၁)ရပ်ကွက် ကွက်သစ်ရပ်တွင် ကွင်းဆင်းဆောင်ရွက်ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်အမျိုးသမီး ရေးရာအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ကြသည်။  သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားစေသော ခြင်များ၊ ပေါက်ပွားမှုမရှိစေရေး  ကြိုတင်ကာကွယ်နှိမ်နှင်းခြင်းဖြစ်သည့် အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ခြင်း ခြင်ဆေးဖြန်းခြင်း၊ လုပ်ငန်းမျာ စဉ်ဆက်မပြတ် ဆောင်ရွက်နေလျက်ရှိရာ  ကွင်းဆင်းဆောင်ရွက်ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင်  သွေးလွန်တုပ်ကွေးရောဂါ  ဖြစ်ပါပွားပါက အသက်ဆုံးရှုံးနိုင်သည်အထိ ဖြစ်နိုင်သောကြောင့် ကြိုတင်ကာကွယ်ရေးအတွက်  ရပ်ကွင်းအတွင်းရှိ ရေတွင်း၊ ရေကန်များတွင် အဘိဆေးခတ်ခြင်း၊ ဘုရားပန်းအိုးများ၊ သုံးရေအိုးများ စသည်များတွင် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို ဆောင်ရွက်ခြင်းနှင့် ခြင်ပေါက်ပွားမှုမရှိစေရေး၊ မိုးရေတင်ကျန်နိုင်သည့်  ဖော့၊ ပလပ်စတစ် ဗူးခွံများ၊ အိုးခွက်၊ ပန်းကန်ခွက်များ၊ တာယာဟောင်းများ အတွင်းတွင် ရေကြာရှည်စွာ မတင်နိုင်စေရေး သွေးလွန်တုပ်ကွေးရောဂါဟာ အသက်အရွယ်မရွေး ကလေး/လူကြီးမရွေး ကျား/မရွေး ဖြစ်ပွားနိုင်ပါကြောင်း ၊ သွေးလွန်တုပ်ကွေးမဖြစ်ပွားနိုင်ရန်   ပိုးလောက်လန်းဘဝမှာ နှိမ်နှင်းခြင်းသည် ပိုပြီးလွယ်ကူပါကြောင်း ထိုရောဂါကိုကာကွယ်ရန် ခြင်ကိုက်မခံရအောင်နေထိုင်ခြင်း အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်တို့ကို ဝတ်ဆင်ခြင်း ပြည်သူများ အနေဖြင့် အိပ်စက်အနားယူသည့်အချိန်တွင် ခြင်ထောင်ဖြင့် အိပ်စက်အနားယူသင့်ပါကြောင်း ဒါ့အပြင် သွေးလွန်တုပ်ကွေးရောဂါနှင့် ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သောအချက်များ လမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်ခြင်းဖြင့် အဆိုပါရောဂါမှ ကင်းဝေးမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အမျိုးသမီး ကျန်းမာရေးဆရာမ ဒေါ်နွယ်နွယ်ဦးထံမှသည်။

ဦးရဲတင့်( ပြန်/ဆက်)