စန္တာခမ်းဘက်စုံဖွံ့ဖြိုးရေးကွင်း၌ မိုးရာသီ သစ်ပင်(၁၈၀၀)ပင်စိုက်ပျိုး
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်မြို့နယ်၊ နောင်တရားမြို့ စန္တာခမ်းဘက်စုံဖွံ့ဖြိုးရေးကွင်း၌ ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးနှင့် ကျေးငှက်တိရိစ္ဆာန်များပေါများပြီး ရာသီဥတုကောင်းမွန်စေရန်နှင့် စန္တာခမ်းဘက်စုံ ဖွံ့ဖြိုးရေးကွင်း၌ အရိပ်ကောင်းမွန်ပြီး လေကာပင်များအဖြစ် တည်ရှိစေရန်ရွည်ရွယ်ပြီး ပင်လောင်းမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ သစ်တောဦးစီးဌာနဝန်ထမ်းများ၊ စန္တာခမ်းဘက်စုံဖွံ့ဖြိုးရေးကွင်း ကော်မတီဝင်များ၊ ဒေသခံပြည်သူများ စုပေါင်း၍ သစ်ပင်ပျိုးပင်ပေါင်း (၁၈၀၀)ပင်ကို ယနေ့နံနက် ၉ နာရီခွဲ အချိန်တွင် စိုက်ပျိုးသည်။