သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများအား ထပ်ဆင့်ဂုဏ်ပြု ပူဇော်ပွဲကျင်းပ

ရန်ကုန် ဇွန် ၁၇

ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူကျင်းပသော၂၀၂၂ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏သြဝါဒါစရိယ ဆရာတော်ကြီးတစ်ပါးနှင့် စေတိယင်္ဂဏနိဗဒ္ဓဆရာတော်ကြီး နှစ်ပါးတို့အား ထပ်ဆင့် ချီးကျူးဂုဏ်ပြသည့် ဂုဏဝိသိဌပူဇာမင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် ရင် ပြင်တော်ရာဟုထောင့်ရှိ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ ကျင်းပသည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး နိုင်ငံတော်သြဝါဒါစရိယအဂ္ဂမဟာပဏ္ဍိတ အင်းစိန်မြို့နယ်၊ ရွာမပရိယတ္တိစာသင်တိုက်ဆရာတော် ဘဒ္ဒန္တတိလောကာ ဘိဝံသထံမှ ပရိသတ်အပေါင်းတို့ကငါးပါးသီလခံယူဆောက်တည်ကြသည်။

ထို့နောက်ဆရာတော်သံဃာတော်အရှင်သူမြတ်များက ပရိတ်တရားတော်များ ရွတ်ပွားသရဇ္စျာယ် ချီးမြှင့်တော်မူကြပြီး ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ အလှည့်ကျ သဘာပတိ ဦးဌေးလှိုင်က ဂုဏဝိသိဌပူဇာမင်္ဂလာစကားလျှောက်ထားသည်။

ယင်းနောက်ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးသုံးပါးတို့၏ ထေရုပ္ပတ္တိတို့ကို ဖတ်ကြား လျှောက်ထားပြီး ထပ်ဆင့်ချီးကျူးဂုဏ်ပြုခံရသည့် ဆရာတော်များဖြစ်ကြသည့် အဘိဓဇ မဟာရဌဂုရု ဘွဲ့တံဆိပ်တော်ရရွာမပရိယတ္တိ စာသင်တိုက်ဆရာတော် ဘဒ္ဒန္တတိလောကာ ဘိဝံသ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတဘွဲ့တံဆိပ်တော်ရ ရွှေတောင်တိုက်သစ် ကျောင်းဆရာတော် ဘဒ္ဒန္တထေရဝံသာဘိဝံသ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ သီရိဝေလာ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝိဿုသ၁တို့အား တာဝန်ရှိူသူများကဘွဲ့တံဆိပ်တော်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှုဒါန်းကြသည်။

ထို့နောက် အင်းစိန်မြို့နယ်၊ ရွာမပရိယတ္တိစာသင်တိုက်ဆရာတော် ဘဒ္ဒန္တတိလောကာ ဘိဝံသထံမှ အနုမော ဒနာတရားနာကြား၍ ရေစက်သွန်းချအမျှပေးဝေကြကာ ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်းပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

 အောင်မြင့်(ပြန်/ဆက်)