ရန်ကင်းမြို့နယ်တွင် တိုးချဲ့ကာကွယ်များဆေးများထိုးနှံပေး

ရန်ကင်း ဇွန် ၁၇

ရန်ကုန်တိုင်း၊ ရန်ကင်းမြိုနယ်(၁၂)ရပ်ကွက် ကန်ဘဲ့ဓမ္မရိပ်သာဘုန်းတော်ကြီး‌ကျောင်းတွင် ယမန်နေ့က ရပ်ကွက်အတွင်းရှိ အသက်တစ်နှစ်အောက်အရွယ်ရှိ ကလေးငယ်များကို  ဒေါက်တာသီတာလတ် ဦးဆောင်သော မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက တိုးချဲ့ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများ  ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

မွေးကင်းအရွယ်ကစ၍ အသက်တစ်နှစ်အောက် ကလေးငယ်များအတွက် ရောဂါ(၃)မျိုး ဖြစ်သည့်  ပိုလီယိုရောဂါ၊   ဝက်သက်ရောဂါနှင့်   ဂျိုက်သိုးရောဂါများ  မဖြစ်ပွားစေရေးအတွက် တိုးချဲ့ကာကွယ်ဆေးထိုးနှံပေးခြင်းအစီအစဉ်ဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယင်းအပြင် မွေးကင်းစမှ တစ်နှစ်ခွဲအရွယ်ထိ ကလေးငယ်များအနေဖြင့်   အဆုတ်၊   တီဘီ၊ ငါးမျိုးစပ်(BCG)၊  ပိုလီယို၊  ပြင်းထန်အဆုတ်ရောင်၊  မေးခိုင်နှင့်ဝက်သက်ရောဂါကာကွယ်ဆေးများကိုလည်း ပုံမှန်ထိုးနှံတိုက်ကျွေးကြရမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာသီတာလတ်၏ပြောကြားချက်အရသိရှိရသည်။

ကာကွယ်ဆေးထိုးနှံမှုနေရာသို့ ရပ်ကွက်အတွင်းရှိ သတ်မှတ်အသက်အရွယ်ကလေး ငယ်(၂၁)ဦးလာရောက်ထိုးနှံခဲ့ကြကြောင်းသိရှိရသည်။

ဒေါ်သူ(ပြန်/ဆက်)