ဝါးခယ်မမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့(ဖလား) အမျိုးသားအလွတ်တမ်း ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ယနေ့နံနက် ၁၁ နာရီခွဲအချိန်က ထွန်းမေတ္တာဖူဆယ်ဘောလုံးကွင်း၌ ဝါးခယ်မမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့(ဖလား) အမျိုးသားအလွတ်တမ်း ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

လပွတ္တာမြို့၌ ခရိုင်ဆီကုန်သည်၊ ဆီလုပ်ငန်းရှင်များ အသင်းနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ဆီတစ်ပိဿာ(၄၆၀၀)ကျပ်နှုန်းဖြင့် ရောင်းချပေး

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ဆီကုန်သည်၊ ဆီလုပ်ငန်းရှင်များ အသင်းနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက အမှတ်(၁၀)ရပ်ကွက်တွင် ဒေသခံပြည်သူများအားစားသုံးဆီများကို သက်သာသော စျေးနှုန်းဖြင့် ရောင်းချပေးလျက် ရှိကြောင်း သိရသည်။

ငှက်ကျကျေးရွာ လယ်မြေတွင် တစ်ဧက(၁၀)တင်း ပိုမိုအထွက်တိုးစေရန် ပုသိမ်ပေါ်ဆန်းစပါးမျိုးကို ထွန်တုံးပိတ်စိုက်ပျိုး

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ငှက်ကျကျေးရွာတွင် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က တစ်ဧက(၁၀)တင်း ပိုမို အထွက်တိုးစေရန် ပုသိမ်ပေါ်ဆန်းစပါးမျိုးကို ထွန်တုံးပိတ်စိုက်ပျိုးခဲ့ကြောင်း သိရသည်။

သံတောင်ကြီးမြို့ သာသနာ့မဉ္ဇူကျောင်းတိုက်တွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့ သာသနာ့မဉ္ဇူကျောင်းတိုက်၌ ဌာနဆိုင်ရာများက စေတီတော်များအား ထုံးကပ်ခြင်းနှင့် ကျောင်းတိုက်ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် ယမန်နေ့ နံနက် (၁၀) နာရီအချိန်က  စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့သည်။

ပေါက်တောမြို့ သန့်ရှင်းသာယာလှပစေရေးအတွက် ဌာဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့၌ မြို့သန့်ရှင်းသာယာလှပစေရေးနှင့် ခြင်အန္တရာယ် ကင်းဝေးစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် လောကထိပ်ပန် ဆုတောင်းပြည့်ဘုရားရင်ပြင်နှင့် ပတ်ဝန်းကျင်ရှိ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၈ နာရီက ပြုလုပ်ခဲ့သည်။

လပွတ္တာမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်များလဲကျမှုဖြစ်ပွား

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြိုနယ်တွင် ယနေ့နံနက်(၇း၃၀)အချိန်က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခိုက်မူကြောင့် အမှတ်(၂)ရပ်ကွက်၊ အမှတ် (၁၀) ရပ်ကွက်နှင့် လပွတ္တာ- မြောင်းမြကားလမ်းဘေးရှိ သစ်ပင်များ လဲကျခဲ့သည်။

အထောင်မြို့၊ ဗြဟ္မ၀ိဟာရကုသိုလ်ဖြစ်ဆေးခန်းက သက်ကြီးဘိုးဘွားများအား အခမဲ့ကျန်းမာရေးကုသမှုနှင့် လှူဒါန်းမှုများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ အထောင်မြို့ ဗြဟ္မဝိဟာရ ကုသိုလ်ဖြစ်ဆေးခန်းက အပတ်စဉ်တနင်္ဂနွေနေ့တိုင်း သက်ကြီးဘိုးဘွားများအား အခမဲ့ကျန်းမာရေး ကုသမှုများကို ဆောင်ရွက်ပေးလျက်ရှိရာ ကျန်းမာရေးစောင့်မှုအပြင် ကုသိုလ်ပြု လှူဒါန်းခြင်းများ ကိုလည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သာပေါင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ ငါးလုပ်ငန်းဦးစီးဌာနတို့မှ အခွန်လွတ်ဈေးတွင် ဆန်၊ သား၊ ငါး၊ ဟင်းသီးဟင်းရွက်များ သက်သာသောဈေးနှုန်းဖြင့် ပြည်သူများအား ရောင်းချပေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မြို့နယ်ကုန်စျေးနှုန်းထိန်းညှိလျော့ချရေး ကော်မတီအဖွဲ့နှင့် စည်ပင်သာယာရေးအဖွဲ့၊ ငါးလုပ်ငန်းဦးစီးဌာနတို့မှ ဆန်၊ သား၊ ငါး၊ ဟင်းသီးဟင်းရွက်များ သက်သာသောဈေးနှုန်းဖြင့် ပြည်သူများအား အခွန်လွတ်ဈေးတွင် ဇူလိုင်လ ၂၉ ရက်နေ့ နံနက် ၇ နာရီအချိန်က ရောင်းချပေးခဲ့ကြသည်။

သာပေါင်းမြို့နယ် စိုက်တိုးမြင့်ကော်မတီဥက္ကဋ္ဌ သပြေကျွန်းကျေးရွာအုပ်စုရှိ တောင်သူများနှင့် တွေ့ဆုံ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် စိုက်တိုးမြင့်ကော်မတီဥက္ကဋ္ဌနှင့် သပြေကျွန်းကျေးရွာအုပ်စုတွင် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က သပြေကျွန်းကျေးရွာ၊အခြေခံပညာ အထက်တန်းကျောင်း (ခွဲ) (သပြေကျွန်း)၌ တောင်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ညောင်ဦးမြို့နယ် တောင်ဇင်းအုပ်စု ဇီးပင်ကြီးတဲတိုက်အတွက် သောက်သုံးရေ ၄၅၀၀ ဂါလံဆံ့ ရေလှောင်အုတ်ကန်လှူဒါန်း

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် တောင်ဇင်းအုပ်စု ဇီးပင်ကြီးတဲတိုက်သို့ ဝေမျှခြင်း ပရဟိတမိသားစုမှ ဇီးပင်ကြီးတဲ တိုက်သူ/သားများ သောက်သုံးရေ သိုလှောင်ပြီး ရေသုံးစွဲမှု အဆင်ပြေစေရန် ဇူလိုင် ၃၁ ရက်၊ နံနက်ပိုင်းအချိန်က ရေဂါလံ ၄၅၀၀ ဆံ့ရေ လှောင်အုတ်ကန် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
Subscribe to