သံတောင်ကြီးမြို့ သာသနာ့မဉ္ဇူကျောင်းတိုက်တွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

သံတောင်ကြီး ဇူလိုင် ၃၁

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့ သာသနာ့မဉ္ဇူကျောင်းတိုက်၌ ဌာနဆိုင်ရာများက စေတီတော်များအား ထုံးကပ်ခြင်းနှင့် ကျောင်းတိုက်ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် ယမန်နေ့ နံနက် (၁၀) နာရီအချိန်က  စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့သည်။

အဆိုပါ  စေတီတော်များအား ထုံးဆက်ကပ်ခြင်းနှင့် ကျောင်းတိုက်ပတ်ဝန်းကျင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မြို့နယ် အုပ်ချုပ်ရေးမှူး   ဦးဆန်းဗိုလ်က ဦးဆောင်၍   မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊   မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများက ဘုန်းတော်ကြီးကျောင်းပရဝုဏ်နှင့် စေတီတော်ရင်ပြင်ပတ်ဝန်းကျင်တို့ရှိ ချုံနွယ်များ၊ မြက်ပင်များနှင့် အမှိုက်များအား ရှင်းလင်းခြင်း၊ စေတီတော်များအား ထုံးဆက်ကပ်ခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နော်နော်မူ