သာပေါင်း ဇူလိုင် ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မြို့နယ်ကုန်စျေးနှုန်းထိန်းညှိလျော့ချရေး ကော်မတီအဖွဲ့နှင့် စည်ပင်သာယာရေးအဖွဲ့၊ ငါးလုပ်ငန်းဦးစီးဌာနတို့မှ ဆန်၊ သား၊ ငါး၊ ဟင်းသီးဟင်းရွက်များ သက်သာသောဈေးနှုန်းဖြင့် ပြည်သူများအား အခွန်လွတ်ဈေးတွင် ဇူလိုင်လ ၂၉ ရက်နေ့ နံနက် ၇ နာရီအချိန်က ရောင်းချပေးခဲ့ကြသည်။
အခွန်လွတ်ဈေးတွင် မြို့နယ်ကုန်စျေးနှုန်း ထိန်းညှိလျော့ချရေး ကော်မတီအဖွဲ့ဝင်များ၊ ငါးလုပ်ငန်းဦးစီးဌာန၊ ဦးစီးအရာရှိ ဦးမျိုးသိမ်းနှင့် ဝန်ထမ်း များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်ကျော် နှင့် ဝန်ထမ်းတို့က ပြင်ပဈေးနှုန်းထက် သက်သာစွာဖြင့် အခြေခံ စားသောက်ကုန်များဖြစ်သော ဆန်တစ်ပြည် (၂၅၀၀)ကျပ်နှုန်းဖြင့် (၃၈)ပြည်၊ ငါးမြစ်ချင်း (၁)ပိဿာ (၆၀၀၀)ကျပ်နှုန်းဖြင့် (၂၁)ပိဿာ၊ အမဲသား (၁)ပိဿာ(၁၂၀၀၀)ကျပ်နှုန်းဖြင့် (၁၂)ပိဿာ(၂၅)ကျပ်သား၊ ဟင်းသီးဟင်းရွက် မျိုးစုံ(၇၆၀၀)ကျပ်ဖိုးတို့ကို ရောင်းချပေးခဲ့ကြောင်း သိရသည်။
မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်