ပေါက်တောမြို့ သန့်ရှင်းသာယာလှပစေရေးအတွက် ဌာဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်

ပေါက်တော ဇူလိုင် ၃၁

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့၌ မြို့သန့်ရှင်းသာယာလှပစေရေးနှင့် ခြင်အန္တရာယ် ကင်းဝေးစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် လောကထိပ်ပန် ဆုတောင်းပြည့်ဘုရားရင်ပြင်နှင့် ပတ်ဝန်းကျင်ရှိ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၈ နာရီက ပြုလုပ်ခဲ့သည်။

မြို့ရွာ သန့်ရှင်းသာယာလှပစေရေးအတွက်မြို့သန့်ရှင်းရေးဆောင်ရွက်ခြင်းကို မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျန်အေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဝန်ထမ်းများ၊  မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊  မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ပေါက်တောမြို့ လောကထိပ်ပန် ဆုတောင်းပြည့်ဘုရားရင်ပြင်နှင့် ပတ်ဝန်းကျင်ရှိ ခြုံနွယ်များ၊ မြက်ပင်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်သရိုက်များ ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ကြပြီး မြို့နယ်စည်ပင်သာယာရေးပိုင် အမှိုက်သိမ်းကားဖြင့် သတ်မှတ်ထားသော နေရာများတွင် စနစ်တကျ စွန့်ပစ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)