လပွတ္တာ ဇူလိုင် ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ဆီကုန်သည်၊ ဆီလုပ်ငန်းရှင်များ အသင်းနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက အမှတ်(၁၀)ရပ်ကွက်တွင် ဒေသခံပြည်သူများအားစားသုံးဆီများကို သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ထို့သို့ ရောင်းချပေးလျှက်ရှိရာ လပွတ္တာခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ဆီ(၁)ပိဿာလျှင် (၄၆၀၀)ကျပ်နှုန်းဖြင့် ဒေသခံပြည်သူများအား ရောင်းချပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)