ကျုံပျော် ဇူလိုင် ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ အထောင်မြို့ ဗြဟ္မဝိဟာရ ကုသိုလ်ဖြစ်ဆေးခန်းက အပတ်စဉ်တနင်္ဂနွေနေ့တိုင်း သက်ကြီးဘိုးဘွားများအား အခမဲ့ကျန်းမာရေး ကုသမှုများကို ဆောင်ရွက်ပေးလျက်ရှိရာ ကျန်းမာရေးစောင့်မှုအပြင် ကုသိုလ်ပြု လှူဒါန်းခြင်းများ ကိုလည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာသို့ အထောင်မြို့အုပ်ချုပ်ရေးမှူး ဦးသိန်းထွန်းနှင့် တာဝန်ရှိသူများက သွားရောက် ကြည့်ရှုခဲ့ပြီး သက်ကြီးဘိုးဘွားများအား အခမဲ့ကျန်းမာရေး ကုသစောင့်ရှောက်ပေးမှု၊ ဆေးဝါးများ ထောက်ပံ့ ပေးမှု၊ အစာအာဟာရ ကြက်သားထမင်း ကျွေးမွေးနေမှုနှင့် ဆေးကုသမှု လာရောက်ခံယူသည့် ဘိုးဘွား များအား ဆန်၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်ထုပ်၊ ဖူဂျီဆပ်ပြာဘူး၊ ဆရာခို အနာလိမ်းဆေးဘူးတို့အား အလှူရှင် များနှင့် ဗြဟ္မ၀ိဟာရ ကုသိုလ်ဖြစ်ဆေးခန်း တာ၀န်ရှိသူများမှ ပေးအပ်လှူဒါန်းနေမှုများအား ကြည့်ရှုအားပေး ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆေးခန်းအနေဖြင့် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း သက်ကြီးဘိုးဘွားများအား အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပြီး အနီးဝန်းကျင် ကျေးရွာအုပ်စုများမှ ဘိုးဘွား အများအပြား လာရောက်ဆေးကုသမှုခံယူကြကြောင်းနှင့် ယခုကဲ့သို့ လှူဒါန်းပစ္စည်းများ ပေးအပ်သည့် အတွက် ဝမ်းမြောက်ကြကြောင်း သိရသည်။
လပြည့်ဦး (ပြန်/ဆက်)