နည်းပညာတက္ကသိုလ်(ကျောက်ဆည်)တွင် အလုပ်အကိုင်အခွင့်အလမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် အလုပ်ခွင်ဝင်ရောက်လိုသူများအား လူတွေ့စစ်ဆေးခြင်းများဆောင်ရွက်
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ နည်းပညာတက္ကသိုလ်(ကျောက်ဆည်)အောင်ဆန်းခန်းမတွင် ယမန်နေ့နံနက်(၁၀)နာရီအချိန်က နည်းပညာတက္ကသိုလ်(ကျောက်ဆည်)နှင့် clover Mandalay Co., Ltd တို့ပူးပေါင်းပြီး မြန်မာနိုင်ငံရှိ အလုပ်အကိုင်အခွင့် အလမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် အလုပ်ခွင်ဝင်ရောက်လိုသူများအား လူတွေ့စစ်ဆေးခြင်းအခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။