သာပေါင်းမြို့နယ် စိုက်တိုးမြင့်ကော်မတီဥက္ကဋ္ဌ သပြေကျွန်းကျေးရွာအုပ်စုရှိ တောင်သူများနှင့် တွေ့ဆုံ

သာပေါင်း ဇူလိုင် ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် စိုက်တိုးမြင့်ကော်မတီဥက္ကဋ္ဌနှင့် သပြေကျွန်းကျေးရွာအုပ်စုတွင် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က သပြေကျွန်းကျေးရွာ၊အခြေခံပညာ အထက်တန်းကျောင်း (ခွဲ) (သပြေကျွန်း)၌ တောင်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ စိုက်တိုးမြင့်ကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်မှ သပြေကျွန်းကျေးရွာအုပ်စုရှိ တတ်ရောက်လာကြသော ဒေသခံ တောင်သူ(၁၂၀)ဦးတို့နှင့် တွေ့ဆုံ၍ တစ်ဧက(၁၀)တင်းနှုန်း ပိုမိုထွက်ရှိရေး၊ နောင်နှစ် စပါးစိုက်ဧကများတွင် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ထည့်သွင်းစိုက်ပျိုးရေး၊ မျိုး/မြေ ပြုပြင်ပြောင်းလဲရေး၊ ဓာတ်မြေသြဇာ စံကိုက်အချိုးကျ သုံးစွဲရေး၊ သဘာဝမြေသြဇာသုံးစွဲရေး၊ တစ်နိုင်တစ်ပိုင် ဟင်းသီးဟင်းရွက်စိုက်ပျိုးရေး၊ ခြံလှောင်စနစ်မွေးမြူရေး၊ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပေးကြပ်မတ် စစ်ဆေးဆောင်ရွက်ရေး၊ ဘုန်းတော်ကြီးကျောင်းများ သန့်ရှင်းရေးဆောင်ရွက်ရေး၊ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းမှု မကျန်ရှိစေရေး၊ လုံခြုံရေးဂရုစိုက် ဆောင်ရွက်ရေး၊ စာသင်ကျောင်းများ လိုအပ်ချက်တင်ပြရေးတို့နှင့် စိုက်ပျိုးရေးကိစ္စရပ်များဆွေးနွေး‌ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်