သရက်မြို့၌ ပလတ်စတစ် သုံးစွဲမှု လျော့ချရေး အသိပညာပေးခြင်းနှင့် အင်ဖက်များ အခမဲ့ဖြန့်ဝေ

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပြည်သူများ ပလတ်စတစ်အိတ် လျော့နည်း သုံးစွဲစေရန် ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာရေး မြို့မဈေးအတွင်း ဈေးရောင်းဈေးဝယ်ပြည်သူများအား ပလတ်စတစ်ကြွတ်ကြွတ်အိတ်အစား ငှက်ပျောဖက် ၊အင်ဖက် စက္ကူအိတ်များ အသုံးပြုနိုင်ရေး အသိပညာပေးခြင်း Campaign နှင့် အင်ဖက်များ အခမဲ့ ဖြန့်ဝေခြင်းကို ယနေ့ နံနက်(၈:၃၀)နာရီက မြို့မဈေးအတွင်း ဆောင်ရွက်ခဲ့သည်။

တောင်ဥက္ကလာပမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးနှင့်ပိုးလောက်လန်း ပေါက်ပွားမှုမှ ကာကွယ်နိုင်ရန် ယနေ့နံနက် (၇း၀၀)နာရီအချိန်က အမှတ်(၃)ရပ်ကွက် ငွေကြာရံပရိယတ္တိစာသင်တိုက်၌ အဘိတ် (abate) ဆေးခပ်​​ခြင်းနှင့် အသိပညာပေးခြင်း လုပ်ငန်းများကို

မင်းလှမြို့နယ်၌ ၂၀၂၃-၂၀၂၄ ခုနှစ်တွင် သီးနှံစိုက်ပျိုးမှုစိုက်ဧကမှန် ကန်ရေး မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီအဖွဲ့မှ ကျေးရွာစိုက်ပျိုးရေးကြီးကြပ်မှု‌ ကော်မတီအဖွဲ့ဝင်များနှင့်တောင်သူများအား တွေ့ဆုံဆွေးနွေး

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ် သီးနှံစိုက်ပျိုးရာတွင် စိုက်ဧက မှန်ကန်ရေး၊ သီးထပ်၊ သီးညှပ်စိုက်ပျိုးရေး၊ ပန်းတိုင်အထွက် နှုန်းရရှိရေးအတွက်မြို့နယ်စိုက်ပျိုးရေး ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ကျေးရွာစိုက်ပျိုးရေးကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်များ၊ ဒေသခံတောင်သူများနှင့် တွေ့ဆုံဆွေး‌နွေးပွဲကို ယမန်နေ့နံနက်(၉)နာရီခွဲက တောင်ဦး ကျေးရွာဘုန်းကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဝါးခယ်မမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် အ.ထ.က(၁) ဒေါ်ပိုက်မိခန်းမ၌ ယနေ့ နံနက် ၁၀ နာရီအချိန်က ၂၀၂၃-၂၀၂၄ ပညာသင်နှစ် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင် ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

လားရှိုးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ နှစ်ကျိပ်ရှစ်ဆူ ဘုန်းကြီး ကျောင်းတွင် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တွဲဖက် ပြည်နယ်နှင့်ခရိုင်ရုံးမှ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ရပ်ကွက် (၁) ရှိ နှစ်ကျိပ် ရှစ်ဆူဘုန်းကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဒေးဒရဲမြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ညှိနှိုင်းဆွေးနွေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းဆွေးနွေးပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပရာ မြို့နယ်ဌာနဆိုင်ရာများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ကျောက်တော်မြို့နယ် ဆုထူးပန်ဘုန်းတော်ကြီးကျောင်း၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ် မြို့သစ်ရပ်ကွက် ဆုထူးပန် ဘုန်းတော်ကြီးကျောင်း သန့်ရှင်းသာယာ လှပစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့ပေါ်ရပ်ကွက်များအတွင်းရှိ ဘုန်းတော်ကြီး ကျောင်းများ၏ ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၈ နာရီက အဆိုပါကျောင်း ရှေ့မျက်နှာစာ၌ ပြုလုပ်ခဲ့ကြသည်။

လားရှိုးလေဆိပ်အနီးပတ်ဝန်းကျင်ရှိ လေယာဉ်ကွင်းလမ်းတွင် လေယာဉ်ပျံသန်းမှုကိုကြည့်ရင်း အပန်းဖြေသူများလာ

လားရှိုးမြို့သည် ရှမ်းပြည်နယ်(မြောက်ပိုင်း)၏မြို့တော်ဖြစ်ပြီး တရုတ်နယ်စပ်ဒေသမြို့များနှင့် အနီးစပ် ကူးလူးဆက်သွယ်သွားလာနိုင်သည့် မြို့လည်းဖြစ်သည်။ နယ်စပ်မြို့များဖြစ်သည့် မူဆယ်၊ နမ့်ခမ်း၊ ကြူကုတ်(ပန်ဆိုင်း)၊ လောက်ကိုင်၊ ချင်းရွှေဟော် စသည့် တရုတ်နိုင်ငံနှင့်ထိစပ် ဆက်သွယ်လျက်ရှိ သည့် မြို့များနှင့် အနီးစပ်ဆုံးတည်ရှိနေသည့် မြို့ဖြစ်သလို ခရီးသွားများသည်  ထိုမြို့များမှတဆင့် အခြားမြို့များသို့ လေကြောင်းခရီးဖြင့် ခရီးဆက်လိုပါက လားရှိုးမြို့တွင် လေယာဉ် လာရောက်စီးနင်း ကြရသည်။

ဖျာပုံမြို့၌ အခြေခံစားသောက်ကုန်ပစ္စည်းများကို သက်သာသောစျေးနှုန်းဖြင့် လှည့်လည်ရောင်းချပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့၊ မြို့နယ်စားသုံးသူ ရေးရာဦးစီးဌာနနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော ပူးပေါင်းအဖွဲ့မှ ပြည်သူများ အခြေခံစားသောက်ကုန်ပစ္စည်းများအား သက်သာသော စျေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ယနေ့ နံနက် (၈)နာရီအချိန်က ဖျာပုံမြို့ အမှတ် (၇) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ရောင်းချပေးကြသည်။

လှိုင်းဘွဲမြို့နယ်၌ ဆင်းသုခမိုးစပါး RS-CS မျိုးစေ့ထုတ်စံပြစိုက်ခင်း(၅)ဧကကိုစုပေါင်းစိုက်ပျိုးပြသခြင်း ကွင်းပြပွဲဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်  မဲလောင်းလေးကျေးရွာ၌    မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူ ဦးစောလှမင်းအောင်၏ လယ်ယာမြေ ကွင်းအမှတ်-၁၅၆၄၊ ဦးပိုင်အမှတ် (၈) ရှိ  လယ်မြေ (၁၀) ဧကပေါ်တွင် ဆင်းသုခမိုးစပါး RS-CS မျိုးစေ့ထုတ် စံပြစိုက်ခင်း (၅) ဧကကို တောင်သူများနှင့်အတူ မြို့နယ် စိုက်ပျိုးရေးဝန်ထမ်းများ စုပေါင်းစိုက်ပျိုးပြသခြင်း ကွင်းပြပွဲကို ယနေ့နံနက်ပိုင်းအချိန်က ဆောင်ရွက်ခဲ့ကြသည်။
Subscribe to