အင်္ဂပူမြို့နယ်တွင် ၂၀၂၃ ခုနှစ် မိုးစပါးစိုက်ပျိုးပြီးစီးမှု ထွန်တုံးပိတ်ပွဲအခမ်းအနားပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ အောက်ရွာကြီးကျေးရွာအုပ်စု၊‌ ကြို့ကုန်းကျေးရွာ ကွင်းအမှတ် (၇၅၉)၊ ဦးပိုင်အမှတ် ၁၂၅/၂ ရှိ တောင်သူ ဦးရာဇာအောင်၏ လယ်‌မြေ(၈)ဧကတွင် ၂၀၂၃ ခုနှစ် မိုးစပါးစိုက်ပျိုးပြီးစီးမှု ထွန်တုံးပိတ်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

လားရှိုးမြို့၊ ရန်တိုင်းအောင်ဆုတောင်းပြည့်မြို့ဦးစေတီတော်သို့ သွားရောက်လည်ပတ်လေ့လာနိုင်

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့အဝင်ရှိ ရန်တိုင်းအောင်ဆုတောင်းပြည့်မြို့ဦးစေတီတော်သို့ ဘုရားဖူးပြည်သူများ၊ ခရီးသွားဘုရားဖူးများဖြင့် လာရောက်လည်ပတ်ဘုရားဖူးသူများဖြင့် စည်ကားလျက်ရှိနေကြောင်း သိရသည်။

ညောင်တုန်းမြို့နယ်တွင် မြို့နယ်အဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ် ရေးမှူးများ တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။

တောင်တွင်းကြီးမြို့နယ်တွင်(၁၄)ကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊‌ တောင်တွင်းကြီးမြို့နယ်၏ (၁၄) ကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီခွဲက တောင်တွင်းကြီးမြို့၊ ရှေးဟောင်းသမိုင်းဝင် ဇေယျမင်္ဂလာ‌ ရွှေအင်းတောင်စေတီတော်မြတ်ကြီး ရင်ပြင်တော်ရှိ ဇေယျဝဍ္ဎနဓမ္မဗိမာန်တော်၌ ကျင်းပသည်။

သရက်ချောင်းမြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုး​ရေးဘဏ်၌ ဇူလိုင်လအတွက် လျာထားကျေးရွာ များအား မိုးစပါးစိုက်ပျိုးရန် ချေးငွေများ ထုတ်ချေးပြီးစီး

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုး​ရေး ဘဏ်မှ မြို့နယ်အတွင်းရှိ တောင်သူများအား ၂၀၂၃ခုနှစ် မိုးစပါး လျာထားချက်ပြည့်မီအောင် စိုက်ပျိုးရန်အတွက် ဇူလိုင်လအတွက် လျာထားကျေးရွာများအား ချေးငွေများ ထုတ်ချေးပြီးစီးခဲ့ကြောင်း သိရသည်။

ဘူးသီးတောင်မြို့ ဘုန်းတော်ကြီးကျောင်းများ၌ ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းများ၌ မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများစုပေါင်း၍ ယနေ့ ၈နာရီ အချိန်က စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး ဒက္ခိဏသီရိမြို့နယ်နှင့် လယ်ဝေးမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်၍ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပြီး ကျောင်းတိုက် အတွင်း၊ အပြင် သန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်နေမှုကြည့်ရှုအားပေး

ဝါတွင်းကာလအတွင်း ဝါဆိုဝါကပ်တော်မူကြသည့် ဆရာတော်သံဃာတော်များ စိတ်နှလုံးချမ်းမြေ့စွာဖြင့် တရားဘာဝနာများ ကျင့်ကြံအားထုတ်ပွားများနိုင်စေရန်အတွက် ရည်ရွယ်၍  ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျောင်းတိုက်အတွင်း၊ အပြင် သန့်ရှင်းရေး လုပ်ငန်းဆောင်ရွက်နေမှုကို ယနေ့ မွန်းလွဲပိုင်းတွင်  ဒက္ခိဏသီရိမြို့နယ်၊ ကျွန်းတက်ပဲ့ကျေးရွာအုပ်စု၊ ညောင်ကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ကျင်းပရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦး​မြင့်စိုးနှင့်ဇနီး၊  နေပြည်တော်သာသနာ ရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးဆန်းထွန်းအောင်၊  မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဝင်းနှင့် တာဝန်ရှိသူများ တက်ရောက် ကြည်ညိုကြသည်။

လှည်းကူးမြို့နယ်တွင် ကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ အုန်းနှဲကုန်းကျေးရွာအုပ်စု၊ ဒရယ်ဘိုကျေးရွာ အနောက်ရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ဇူလိုင်လ(၂၉)ရက်နေ့က သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်ဦးခန့်ဇော်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်၊  ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးစိုးထွန်းနိုင်နှင့်တာဝန်ရှိသူများကကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

လှည်းကူးမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)လုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်ဦးခန့်ဇော်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်နှင့်တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ရဲမွန်ကျေးရွာအုပ်စု၊ ရွာတန်းရှည်ကျေးရွာသို့ ဇူလိုင်လ(၂၉)ရက်နေ့က သွားရောက်ကာ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Subscribe to