မဟာအောင်မြေမြို့နယ်အတွင်း ကလေးငယ်များ အကြိမ်ပြည့် ကာကွယ်ဆေး ထိုးနိုင်ရန်အတွက် ကွင်းဆင်း ကြိုတင်စာရင်းကောက်ယူ

မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်အတွင်း ကလေးငယ်များ ကာကွယ်ဆေးအကြိမ်ပြည့် ဆေးထိုးနိုင်ရန်အတွက် ကြိုတင်စာရင်းကောက်ယူခြင်း လုပ်ငန်းများကို ကျန်းမာရေး ဝန်ထမ်းများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများမှ ကွင်းဆင်းဆောင်ရွက် စာရင်းကောက်ယူလျက် ရှိကြောင်း သိရသည်။

မအီမြို့ ရတနာမာရ်အောင်တောရဓမ္မရိပ်သာကုန်းတော်၌ စုပေါင်းသန့်ရှင်းရေး ကုသိုလ်ပြုဆောင်ရွက်

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့ပေါ် ရတနာမာရ်အောင်တောရ ဓမ္မရိပ်သာကုန်းတော်အတွင်း သန့်ရှင်းသာယာလှပစေရေးအတွက် မအီမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူးစီစဉ်ဆောင်ရွက်၍ မြို့ပေါ်ဌာနဆိုင်ရာဝန်ထမ်းများမှ စုပေါင်းသန့်ရှင်းရေး ကုသိုလ်ပြုဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာ၀န်ရှိသူများသည် ယစ်မျိုးသိုလှောင်ရောင်းချလျှက်ရှိသည့် ဆိုင်များအား လိုက်လံစစ်ဆေး

ရခိုင်ပြည်နယ် မောင်တောမြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာ၀န်ရှိသူများသည် ယစ်မျိုးသိုလှောင်ရောင်းချလျက်ရှိသည့် ဆိုင်များအား ယမန်နေ့ နံနက်ပိုင်းက မြေပြင်ကွင်းဆင်း လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ရခိုင်ပြည်နယ်၊ ရသေ့တောင် မြို့ပေါ်ရပ်ကွက်များ၊ စာသင်ကျောင်းများနှင့် ဌာနဆိုင်ရာရုံးများတွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင် မြို့တွင်မြို့နယ်ကျန်းမာရေးဌာနနှင့် ဌာနဆိုင်ရာ အဖွဲ့စည်းများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ပြည်သူ လူထုများပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များ၊ ဌာနဆိုင်ရာရုံးများ၊ စာသင်ကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေး လုပ်ငန်းများကို ယနေ့‌ နေ့လယ်ပိုင်းကဆောင်ရွက်ကြသည်။

ပုဏ္ဏားကျွန်းမြို့ ဓမ္မမဏ္ဍိုင်ဘုန်းတော်ကြီးကျောင်းတိုက်၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၊ စံပြရပ်ကွက် ဓမ္မမဏ္ဍိုင်ဘုန်းတော်ကြီးကျောင်းတိုက်၌ ကျောင်းတိုက်သန့်ရှင်းသာယာ လှပစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းတို့ကို ယနေ့၊ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။

ပုဏ္ဏားကျွန်းမြို့နယ်၊ ကွန်းတောင်ကျေးရွာ၌ စူပါဘိုကာရှိပြုလုပ်နည်း သရုပ်ပြပွဲကျင်းပ

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ဦးဆောင်၍ စူပါဘိုကာရှိ ပြုလုပ်နည်းသရုပ်ပြပွဲအခမ်းအနားကို ယမန်နေ့၊ နံနက်ပိုင်းက ကွန်းတောင်ကျေးရွာအုပ်စု၊ ကွန်းတောင် ကျေးရွာနေ ဦးချက်ဖားအကွက်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်အတွင်းရှိ အခြေခံပညာကျောင်းနှင့်ရုံးများတွင် လစ်လပ်လျက်ရှိသည့် ရာထူးနေရာများအတွက် အရည်အချင်းစစ် စာမေးပွဲဖြေဆို

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်အတွင်းရှိ အခြေခံပညာကျောင်းနှင့်ရုံးများတွင် လစ်လပ်လျက်ရှိသည့် ရာထူးနေရာများအတွက် အရည်အချင်းစစ် စာမေးပွဲကို ယမန်နေ့ နံနက်၉ နာရီအချိန် သတ်မှတ်ထားသော စာစစ်ဌာန ၂ တွင် စစ်ဆေးဆောင်ရွက်ခဲ့သည်။

၂၀၂၃-၂၀၂၄ ခုနှစ် ချည်မျှင်ရှည်ဝါ သီးနှံစိုက်တောင်သူများအား မျိုးစေ့များ အခမဲ့ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားပြုလုပ်

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ ကျွန်းကြီးကျေးရွာအုပ်စု၊ ကျွန်းကြီးကျေးရွာခန်းမတွင် ချည်မျှင်ရှည်ဝါသီးနှံမျိုးစေ့ အခမဲ့ထောက်ပံ့ခြင်းအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ပြုလုပ်ကျင်းပခဲ့သည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ကာကွယ်ဆေးအကြိမ်ပြည့် မထိုးနှံရ‌သေးသည့် ကလေးငယ်များအား Mobile စနစ်ဖြင့် ကာကွယ်ဆေးထိုးနှံပေး

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာဦးစီးဌာနမှ မြို့နယ်အတွင်းရှိ အသက်တစ်နှစ်မှ အသက်ငါးနှစ်အောက် ကလေးငယ်များတွင် အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးအကြိမ်ပြည့်မထိုးနှံရ​သေးသည့် ကလေးငယ်များ၊ ကာကွယ်ဆေးတစ်ကြိမ်တစ်ခါမျှ မထိုးနှံရသေးသည့်ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက (၁၆)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံး၌ Mobile စနစ်ဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနများက ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပုဗ္ဗသီရိမြို့နယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဆိုင်းဘုတ်များအား လိုက်လံစိုက်ထူ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ သီရိမဏ္ဍိုင်လမ်းနှင့် ရာဇသင်္ဂဟလမ်းထောင့်၊ မင်္ဂလာဒီပရပ်ကွက်၊ နေပြည်တော်ဘူတာကြီးရှေ့၊ သံလွင်လမ်းမကြီး၊ သံလွင်လမ်းမကြီးနှင့် ယုဇနလမ်းထောင့်၊ ကျည်တောင်ကန်ကျေးရွာအုပ်စု၊ ထုံးဖိုမီးပွိုင့်လမ်းဆုံနှင့် တပင်ရွှေထီးရပ်ကွက်၊ ကုတင်(၃၀၀)သစ်တောလမ်းထောင့်များတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအန္တရာယ်ကင်းရှင်းရေးအတွက် Quick Win အစီအမံ (၅) ရပ်အား ယာဉ်မောင်းသူများ သိရှိလိုက်နာရန် အသိပေးခြင်းဆိုင်ရာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အလျား ၄ ပေ၊ အနံ ၃ ပေ ဆိုင်းဘုတ်များအား ယနေ့မွန်းလွဲပိုင်းက စိုက်ထူပေးခဲ့ကြောင်း သိရသည်။
Subscribe to