လပွတ္တာဇူလိုင် ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြိုနယ်တွင် ယနေ့နံနက်(၇း၃၀)အချိန်က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခိုက်မူကြောင့် အမှတ်(၂)ရပ်ကွက်၊ အမှတ် (၁၀) ရပ်ကွက်နှင့် လပွတ္တာ- မြောင်းမြကားလမ်းဘေးရှိ သစ်ပင်များ လဲကျခဲ့သည်။
လေပြင်းတိုက်ခတ်မှုကြောင့်အမှတ် (၂)ရပ်ကွက်၊ နိဗ္ဗာန်လမ်းတွင် လုံးပတ် ၁၁ ပေ၊ အမြင့် ၅၀ ပေ ခန့်ရှိ ကုက္ကိုပင်နှင့်အမှတ် (၁၀)ရပ်ကွက်၊ ဘုရင့်နောင်လမ်းတွင် လုံးပတ် ၂ ပေ၊ အမြင့် ၃၀ ပေခန့်ရှိ ပျဥ်းမပင်ကျိုးကျခဲ့သည်။ အလားတူလပွတ္တာ-မြောင်းမြ ကားလမ်းဘေးရှိ ပြိုလဲနေသောကျွန်း၊ မယ်ဇလီ၊ မန်ဂျန်ရှားပင်များအား လပွတ္တာမြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိဦးစိမ်းကိုကို ဦးစီးသော တပ်ဖွဲ့ဝင် ၁၂ ဦးတို့သည် လဲကျနေသော သစ်ပင်များကို ဖယ်ရှားခြင်း၊ သစ်ကိုင်းများကို ခုတ်ထွင်ရှင်းလင်းခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့သည်။ သစ်ပင်များ လဲကျမှုကြောင့် လူ၊ တိရစ္ဆာန်နှင့် နေအိမ်အဆောက်အဦ ထိခိုက်ဆုံးရှုံးမှုမရှိကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)