ငှက်ကျကျေးရွာ လယ်မြေတွင် တစ်ဧက(၁၀)တင်း ပိုမိုအထွက်တိုးစေရန် ပုသိမ်ပေါ်ဆန်းစပါးမျိုးကို ထွန်တုံးပိတ်စိုက်ပျိုး

ဝါးခယ်မ ဇူလိုင် ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ငှက်ကျကျေးရွာတွင် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က တစ်ဧက(၁၀)တင်း ပိုမို အထွက်တိုးစေရန် ပုသိမ်ပေါ်ဆန်းစပါးမျိုးကို ထွန်တုံးပိတ်စိုက်ပျိုးခဲ့ကြောင်း သိရသည်။

ထိုကျေးရွာရှိ သဗ္ဗသုခစိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းသည် တိုင်းဒေသကြီးဘတ်ဂျက်မှ ရရှိထားသည့် CK.28/10 Daedong ထွန်စက်ကိုအသုံးပြု၍ အသင်းသားတောင်သူ ဦးငွေလှ၏ မိုးစပါးစိုက်ပျိုးမည့် လယ်မြေတွင် တစ်ဧကလျှင် (၁၀)တင်း ပိုမိုအထွက်တိုးစေရန် ပုသိမ်‌ပေါ်ဆန်းစပါးမျိုးကို ထွန်တုံးပိတ် စိုက်ပျိုးခဲ့ကြောင်း သိရသည်။

ယင်းလယ်ယာလုပ်ငန်းခွင်သို့ သမဝါယမဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်သမဝါယမအသင်းစုမှ အမှုဆောင်အဖွဲ့များက သွားရောက်ကြည့်ရှု အားပေးခဲ့‌ကြောင်း သိရသည်။

ဟိန်းထက်လင်း(ပြန်/ဆက်)