ကျွန်းလှမြို့နယ်၌ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းကို ယနေ့ နံနက် ၇ နာရီခွဲက ဆောင်ရွက်ကြောင်း သိရသည်။

ညောင်ဦးမြို့၌ ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများ ဆက်လက် ရောင်းချပေး

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ညောင်ဦးမြို့၌ မြန်မာနိုင်ငံ ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များ၊ ခရိုင်စားသုံးသူရေးရာ ဦးစီးဌာနတို့၏ ကြီးကြပ်မှုဖြင့် စားအုန်းဆီများအား သက်သာသောဈေးနှုန်းဖြင့် စားသုံးဆီရောင်းချခြင်းအား ယနေ့နံနက် ၈ နာရီ အချိန်မှစတင်ပြီး ညောင်ဦးမြို့နယ်ရပ်ကွက်/ကျေးရွာများသို့ ဆက်လက်ရောင်းချပေးနေကြောင်း သိရသည်။

ဒေးဒရဲမြို့၌ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ပြည်သူများနှင့် တွေ့ဆုံဆွေးနွေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုး တိုးတက်စေရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ရည်ရွယ်၍ မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော အုပ်ချုပ်​ရေး၊ နိုင်ငံရေး၊ ဖွံ့ဖြိုး တိုးတက်ရေး၊ လူမှုရေး၊ စည်းရုံးရေးစသည့် စစ်ကြောင်းကြီး ငါးကြောင်းဖြင့် ကျေးရွာအတွင်းရှိ ရပ်မိရပ်ဖများ၊ ပြည်သူများ တွေ့ဆုံပွဲကို ဇူလိုင်လ ၂၉ ရက်နေ့ နံနက်(၉)နာရီက ​ ကျုံဒါတ်ကျေးရွာအုပ်စု၊ ရေတွင်း ကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင်လည်းကောင်း နံနက် (၁၁)နာရီခွဲတွင် ချောင်းသစ် ပေါက်ကျေးရွာ ဘုန်းတော်ကြီးကျောင်းနှင့် မွန်းလွဲ (၁)နာရီတွင် ကျုံဒါတ်ကျေးရွာ ဇေယျမင်္ဂလာ ဘုန်းတော်ကြီးကျောင်းတို့တွင် ကျင်းပခဲ့သည်။

ကလိန်အောင်မြို့၊ အမှတ် (၄) ရပ်ကွက်၊ ဆုတောင်းပြည့် ဆံတော်ရှင်ဘုရားလမ်းတွင် မိုးသည်းထန်စွာ ရွာသွန်း၍ လေပြင်တိုက်ခတ်မှုကြောင့် တောင်ပေါ်လမ်း မြေပြိုကျလျက်ရှိ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ အမှတ် (၄) ရပ်ကွက်၊ ဆုတောင်ပြည့် ဆံတော်ရှင်ဘုရားလမ်းတွင် မိုးသည်းထန်စွာရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် ယနေ့  ညနေ့ ၄ နာရီ  အချိန်ခန့်က သစ်ပင်များကျိုး၍ မြေပြိုကျကာ လမ်းများပေါ်သို့ ကျရောက်ပိတ်ဆို့ လျက်ရှိကြောင်း သိရသည်။

လယ်ဝေးမြို့နယ်၊ ညောင်ပင်သာကျေးရွာတွင် ပန်းခင်းစီမံချက်(၂)ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကွင်းဆင်းဆောင်ရွက်ပေး

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လယ်ဝေးမြို့နယ်ဉီးစီးမှူးရုံးမှ ဝန်ထမ်းများသည် ဇူလိုင်လ ၂၉ ရက် ညောင်ပင်သာကျေးရွာတွင် ပန်းခင်းစီမံချက်(၂)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် မိုးစပါးတစ်ဧက (၁၀) တင်းနှုန်း ပိုမိုထွက်ရှိရေးအတွက် တောင်သူများအား သွင်းအားစုများပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ် အောက်ရွာကြီးကျေးရွာအုပ်စု တောင်သူ အသိပညာပေးစခန်း၌ ယမန်နေ့ နံနက်ပိုင်းက ၂၀၂၃-၂၀၂၄ မိုးရာသီတွင် နိုင်ငံ့စီးပွား မြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် မိုးစပါး တစ်ဧက (၁၀)တင်းနှုန်း ပိုမိုထွက်ရှိရေးအတွက် တောင်သူများအား သွင်းအားစု (ယူရီးယားမြေသြဇာ၊ ကွန်ပေါင်းမြေသြဇာနှင့် သဘာဝမြေသြဇာ) များ ပေးအပ်ခဲ့သည်။

ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းသည် တာဝန်ရှိသူများနှင့်အတူ မိုးစပါးမျိုးစေ့ ထုတ်စိုက်ကွက် သရုပ်ပြအခမ်းအနားသို့ တက်ရောက်ခြင်း၊ နန်းရာကုန်းကျေးရွာရှိ ကြက်မွေးမြူရေးခြံ သန့်ရှင်းမွေးမြူထားရှိမှုအား သွားရောက်ကြည့်ရှု

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်အတွင်း ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်ရောက်ရှိနေသော ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းသည် ဘူးသီးတောင် တပ်နယ်မှူး ဗိုလ်မှူးကြီးတင်မိုးအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းနှင့် အဖွဲ့ဝင်များနှင့်အတူ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့မှ မြို့နယ်ဦးစီးမှူးများနှင့် ဝန်ထမ်းများ၊ တောင်သူများနှင့်အတူ ယနေ့နံနက် (၉) နာရီခွဲအချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ၏ နန်းရာကုန်း ကျေးရွာအုပ်စု၊ ကုတိုးဆိပ်ကျေးရွာတွင် ပြုလုပ်သည့် မိုးစပါးမျိုးစေ့ထုတ်စိုက်ကွက် စုပေါင်းကောက်စိုက်ခြင်းနှင့် တီစူပါမြေဩဇာမြေခံ ကြဲပက်ခြင်းနှင့် စုပေါင်းထွန်ယက်နေမှုများကို ကြည့်ရှုအားပေးပြီး မျိုးစေ့ထုတ်တောင်သူ (၂၄) ဦးတို့အား တီဆူပါဓါတ်မြေဩဇာ တစ်ဧကလျှင် (၀.၅) အိတ်နှုန်းဖြင့် (၄၇.၅) အိတ်အားတို့အား (အခမဲ့) ထောက်ပံ့ပေးအပ်ခဲ့ကာ စိုက်ပျိုးရေး ပညာပေးလက်ကမ်းစာစောင်များ (အခမဲ့) ဖြန့်ဝေပေးခဲ့သည်။

ဖားကန့်မြို့နယ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများနှင့် အောင်ချက်အကောင်းဆုံး ကျောင်းများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများနှင့် အောင်ချက်အကောင်းဆုံး ကျောင်းများ အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် (၁၀)နာရီက အခြေခံပညာအထက်တန်းကျောင်း ဥရုရတနာခန်းမ၌ ကျင်းပသည်။

ဥတ္တရခရိုင် ပြည်သူ့စာကြည့်တိုက်၌ (Book Club) အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်၌ စာရေးဆရာ မောင်ခင်မင်(ဓနုဖြူ) ရေးသားသော “အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ” စာအုပ်အား စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ ဝင်များဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

စစ်ကိုင်းတောင်ရိုး ဆွမ်းဦးပုညရှင်မြတ်စွာဘုရားကြီး (၃၉)ကြိမ်မြောက် အသံမစဲ မဟာပဌာန်းသိမ်း အောင်ပွဲကျင်းပ

စစ်ကိုင်းတောင်ရိုး ဆွမ်းဦးပုညရှင် မြတ်စွာဘုရားကြီး (၃၉)ကြိမ်မြောက်၊ အသံမစဲမဟာပဌာန်းရွတ်ဖတ် ပူဇော်ပွဲကို ဇူလိုင်(၂၂)ရက်နေ့မှ (၃၀)ရက်နေ့အထိ (၈)ညအိပ် (၉)ရက်တိုင်တိုင် ရွက်ဖတ်ပူဇော်ခဲ့ကြပြီး ယမန်နေ့က ပဌာန်းသိမ်းအောင်ပွဲအဖြစ် အဆိုပါဘုရားကြီး အရှေ့ဘက် မုခ်ဦး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to