ကျွန်းစုမြို့တွင် အသိပညာပေး‌ ဟောပြောပွဲ‌နှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲ ပြုလုပ်ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက  ယနေ့ နံနက် (၁၁) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အသိပညာပေးဟောပြောပွဲနှင့် ကျောင်းသား၊ ကျောင်းသူများ စာဖတ်စွမ်းရည်ပြိုင်ပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လှိုင်းဘွဲမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေစီးဆင်းမှုကြောင့် ရေမြုပ်တံတား (၂) စင်း ရေကျော်မှုကြောင့် မော်တော်ယာဉ်များ ဖြတ်သန်းသွားလာမှု ယာယီရပ်တန့်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျ ချောင်းရေများ စီးဆင်းလာမှုကြောင့် လှိုင်းဘွဲ့မြို့နယ်၊ ကြာအင်းကျေးရွာရှိ ရေမြုပ်တံတားနှင့် ပိုင်ကျုံမြို့ အမှတ် (၁) ရပ်ကွက်နှင့် မိုးနိုင်းကျေးရွာသို့ ဆက်သွယ်ထားသော ရေမြုပ်တံတားတို့ကို ဇူလိုင်လ (၂၉) ရက်နေ့ နံနက်ပိုင်းက စတင်ကာ လူ၊ တိရစ္ဆာန်၊ မော်တော်ယာဉ်များနှင့် မော်တော်ဆိုင်ကယ်များ ဖြတ်သန်းသွားလာ၍ မရတော့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်တွင် ဟင်းသီးဟင်းရွက်မျိုးစုံ (၂၂၂၀) ဧက စိုက်ပျိုးသွားမည်ဖြစ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင်၊ ဆန်စပါး၊ ပဲအမျိုးမျိုး၊ ဆီထွက် သီးနှံအမျိုးမျိုး၊ ငရုပ်၊ ဝါ၊ ပြောင်း၊ နနွင်း၊ ကျွဲနွားစာနှင့် ဟင်းသီးဟင်းရွက်များစုံ စိုက်ပျိုးလျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ဟင်းသီးဟင်းရွက်မျိုးစုံ (၂၂၂၀) ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။

ဖားကန့်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်း သားသမီးများအား ပညာသင်ထောက်ပံ့ငွေပေးအပ်

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ငွေ ပေးအပ်ပွဲအခမ်း အနားကို ဇူလိုင် ၃၀ ရက် မွန်းလွဲ(၁)နာရီခွဲတွင် အစည်း အဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရပ်စောက်မြို့ အစိုးရဝန်ထမ်းပေါင်းစုံ ငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ (၂၀၂၁-၂၀၂၂၊ ၂၀၂၂-၂၀၂၃) ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၊ ရပ်စောက်မြို့ အစိုးရဝန်ထမ်းပေါင်းစုံ ငွေစုငွေချေး သမဝါယမအသင်းလီမိတက်၏ (၂၀၂၁-၂၀၂၊ ၂၀၂၂-၂၀၂၃)ဘဏ္ဍာရေးနှစ် နှစ်ပတ်လည် အရပ်ရပ် ဆိုင်ရာ အစည်းအဝေးကို ယနေ့နံနက် ၉:၃၀ နာရီက ရဿဝတီခန်းမ၌ ကျင်းပသည်။

မိုင်းလုံမြို့တွင် နယ်မြေခံတပ်ရင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ စုပေါင်း၍ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ နယ်မြေခံတပ်ရင်းမှ ဗိုလ်ကြီးကျော်ဇော ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများစုပေါင်း၍ မိုင်းလုံမြို့အတွင်းရှိ ဘုန်းကြီး‌ ကျောင်းများတွင် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့က ‌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

နတ်မောက်မြို့ဘုရားပန်းဈေးကွက်သို့ နှင်းပန်းများဝင်ရောက်

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့ မြို့မဈေးကြီးရှိ ဘုရားပန်းဈေးကွက်သို့ ဒေသတွင်းစိုက်ပျိုးထားသည့် နှင်းပန်းများဝင်ရောက်နေပြီဖြစ်သည်။
Subscribe to