ညောင်ဦး ဇူလိုင် ၃၁
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် တောင်ဇင်းအုပ်စု ဇီးပင်ကြီးတဲတိုက်သို့ ဝေမျှခြင်း ပရဟိတမိသားစုမှ ဇီးပင်ကြီးတဲ တိုက်သူ/သားများ သောက်သုံးရေ သိုလှောင်ပြီး ရေသုံးစွဲမှု အဆင်ပြေစေရန် ဇူလိုင် ၃၁ ရက်၊ နံနက်ပိုင်းအချိန်က ရေဂါလံ ၄၅၀၀ ဆံ့ရေ လှောင်အုတ်ကန် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ညောင်ဦးမြို့နယ်သည် မိုးခေါင်ရပ်ဝန်း အပူပိုင်းဒေသတွင်ပါဝင်ပြီး ဆောင်းဦးပေါက်ရာသီမှ စတင်ပြီး သောက်သုံးရေခက်ခဲသည့် ကျေးရွာများပြားပြီး မြေသားမိုးရေလှောင် ကန်များ၊ မိုးရွာ သွန်းချိန် အိမ်သွပ်မိတ်မှ ရေတလျောက်များပြုလုပ်ရေစုပြီး ရေစည်ပိုင်း၊ ရေအုတ်ကန်ငယ်၊ စဉ့်အိုးအကြီး၊ အသေးများ၊ ပိုများအတွင်း ပလတ်စတစ်ခံကာ မိုးရေသိုလှောင်ပြီး ရေးရှားပါးချိန် သုံးစွဲကြရကြောင်း၊ ထန်တောင်သူအများအပြား ထန်းလျှက်ကျိုချက်ချိန် ရွာတွင်းမီးဘေး အန္တရာယ် ကြိုတင်ကာကွယ်သည့်အနေဖြင့် ယာတော၊ ထန်းတောထဲ ပြောင်းရွေ့ထန်းလျှက် ကျိုချက်ရာမှ ရွာအတွင်းသို့ ပြန်လည်ပြောင်းရွေ့ခြင်းမရှိတော့ပဲ ရေကြည်ရာ၊ မြက်နုရာ နေထိုင်လာခဲ့ရာမှ အိမ်ခြေများလာပြီး တဲတိုက်များ ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်ကြောင်း၊ သောက်သုံးရေအတွက် မြေသားရေလှောင်ကန်များ ဆယ်ယူသုံးစွဲခဲ့ကြပြီး မိုးရွာသွန်းမှုများသည့် နှစ်များတွင် မြေသားရေလှောင်ကန်များ ရေဝင်ကာ ရေအတွက် အခက်အခဲသိပ်မရှိကြပဲ၊ မိုးရွာသွန်းမှုနည်းသည့်နှစ်များတွင် သောက်သုံးရေခက်ခဲမှု ကြုံတွေ့နေရသည့် နှစ်များရှိခဲ့ကြောင်း ဒေသခံတောင်သူများက ရှင်းပြ၍သိရသည်။ ညောင်ဦးမြို့နယ်တွင် သောက်သုံးရေ ရှားပါးသည့်ကျေးရွာများ၊ တဲတိုက်များအား ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတအဖွဲ့မှ ရေဂါလံ ၄၅၀၀ ဆံ့ ရေအုတ်ကန်များလှူဒါန်းပေးခြင်း၊ တစ်ဦးချင်းအလှူရှင်များ လှူဒါန်းလိုသည့် ရေအုတ်ကန်များကိုလည်း တဆင့်လှူဒါန်းပေးခြင်းများ ဆောင်ရွက်ပေးလျှက်ရှိပြီး၊ ယခုလှူဒါန်းသည့် ရေသိုလှောင်ကန်ကိုလည်း ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတ မိသားစုက ဇီးပင်ကြီးတဲတိုက်အတွက် သောက်သုံးရေသိုလှောင်နိုင်ရန် ရေဂါလံ ၄၅၀၀ ဆံ့ ရေအုတ်ကန် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ဒီပါလင်း