ဝါးခယ်မမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့(ဖလား) အမျိုးသားအလွတ်တမ်း ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ အခမ်းအနားကျင်းပ

ဝါးခယ်မ ဇူလိုင် ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ယနေ့နံနက် ၁၁ နာရီခွဲအချိန်က ထွန်းမေတ္တာဖူဆယ်ဘောလုံးကွင်း၌ ဝါးခယ်မမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့(ဖလား) အမျိုးသားအလွတ်တမ်း ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ ဝါးခယ်မမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးစွမ်းထက်နှင့် အဖွဲ့ဝင်များ၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးဇော်သန်းနှင့် ဌာနဆိုင်ရာအကြီးအကဲများတက်‌၍ ဗိုလ်လုပွဲ အကြိတ်အနယ်ယှဉ်ပြိုင်ကြသည့် ဆေးရုံရပ်ကွက်အသင်းနှင့် လှေကျင်းရပ်ကွက်အသင်းတို့အား ကြည့်ရှုအားပေးခဲ့ပြီး အကောင်းဆုံးအားကစားသမားဆုရရှိသူများအား ဆုများချီးမြှင့်ခြင်း၊ ပထမဆုရရှိသည့် လှေကျင်းရပ်ကွက်အသင်းအား ပထမဒိုင်းဆုဖလား၊ တစ်ဦးချင်း ဆုတံဆိပ်နှင့်ငွေသား (၃) သိန်းကျပ်ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးစွမ်းထက်မှလည်းကောင်း၊ ဒုတိယဆုရရှိသည့် ဆေးရုံရပ်ကွက်အသင်းအား ဒုတိယဒိုင်းဆုဖလား၊ တစ်ဦးချင်း ဆုတံဆိပ်နှင့်ငွေသား (၂) သိန်းကျပ်ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးဖြိုးဝေလင်းမှ လည်းကောင်း ဆုများအသီးသီးချီးမြှင့် ခဲ့ကြောင်း သိရသည်။

ဟိန်းထက်လင်း(ပြန်/ဆက်)