နမ့်ဆန့်မြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း (ကျန်းမာရေးဌာန)က စီမံကိန်းဝင် ကျေးရွာများအား အရင်းမပျောက်မတည်ရန်ပုံငွေပေးအပ်ခြင်းအခမ်းအနား ပြုလုပ်

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း(ကျန်းမာရေးဌာန) ရပ်ရွာလူထုအားလုံးပါဝင်သော ဘေးဒဏ်ကြံ့ကြံ့ခံနိုင်စွမ်းရှိသည့် ကျေးရွာများတည်ဆောက်ခြင်းစီမံချက်မှ စီမံကိန်းကျေးရွာဝင် (၁၀)ရွာအား ယမန်နေ့မွန်းလွဲ (၂)နာရီအချိန်က မြန်မာနိုင်ငံကြက်ခြေနီအသင်း (ကျန်းမာရေးဌာန) မြို့နယ်စီမံချက်ရုံးတွင် အရင်းမပျောက် မတည်ရန်ပုံငွေပေးအပ်ခြင်းအခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရသည်။

အမ်းမြို့နယ် လေယာဥ်ကွင်းရပ် ကွက် အောင်​​​ဇေယျလမ်းရှိ ဓမသုခဘုန်းကြီးကျောင်းတွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ် လေယာဥ်ကွင်းရပ်ကွက် အောင်​​​ဇေယျလမ်းရှိ ဓမသုခဘုန်းကြီးကျောင်းတွင် စုပေါင်းသန့်ရှင်းရေးကို ယနေ့နံနက်ပိုင်းက ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများစုပေါင်း၍ ဆောင်ရွက်ကြသည်။

ချောက်မြို့မ​စျေး၌ ပလတ်စတစ်​လျော့ချ​ရေး ကွင်းဆင်း စစ်​ဆေး

မ​ကွေးတိုင်း​ဒေသကြီး၊ ​ချောက်ခရိုင်၊​ ချောက်မြို့မ​စျေး၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများ ပလတ်စတစ်အိတ်လျော့နည်းသုံးစွဲစေရန် ရည်ရွယ်၍ အပတ်စဉ် တနင်္လာနေ့တိုင်း "ပလတ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ်များ မသုံးစွဲရေးနေ့" သတ်မှတ်၍ ယ​နေ့နံနက် ၉ နာရီက ကွင်းဆင်း စစ်​ဆေးခဲ့သည်။

မောက်မယ်မြို့နယ်၌ ပန်းခင်းစီမံချက် (၂) ဖြင့် ကျေးရွာအရောက်ကွင်းဆင်းဆောင်ရွက်ပေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် ပန်းခင်းစီမံချက်အဆင့်(၂) အရ လူဝင်ကြီးကြပ်ရေးနှင့်ပြည့်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှရုံးသို့ မလာရောက်နိုင်သော ကျေးလက်နေ ဒေသခံပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေးအတွက် မြို့နယ်လဝက ဦးစီးမှူး ရုံးဝန်ထမ်းများမှ ယမန်နေ့နံနက်ပိုင်းမှစ၍ပန်းတန်ကျေးရွာအုပ်စုရှိ ထီပျဉ်ကျေး ရွာ၊ ဖာစန်းကျေးရွာ၊ လွိုင်ကောင်ကျေးရွာ၊ ပန်တခွါးကျေးရွာများသို့ ဖာစန်းခန်းမဆောင်တွင် ကွင်းဆင်း၍ သွားရောက် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြင်ဦးလွင်မြို့ မဟာအံ့ထူးကံသာ ဆုတောင်းပြည့်ဘုရားကြီး၏ (၂၁) ကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့ရှိ မဟာအံ့ထူးကံသာ ဆုတောင်းပြည့်ဘုရားကြီး၏ နှစ်စဉ်ကျင်းပမြဲဖြစ်သော  (၂၁) ကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ကျင်းပရာ ပြင်ဦးလွင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ ပြင်ဦးလွင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မဟာအံ့ထူးကံသာ ဆုတောင်းပြည့်ဘုရားကြီး၏ ဂေါပကအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများမှ ဖိတ်ကြားထားသည့်ဧည့်သည်တော်များ၊ ဝတ်အသင်းအဖွဲ့များ၊ ရှေးဦးစွာ ဩဝါဒါစရိယ ဆရာတော်ကြီးများထံမှ သီလတရားနာယူခြင်း၊ မေတ္တသုတ်တရားတော် အစရှိသော ပရိတ်တရားတော်များနာယူကြသည်။

လားရှိုးမြို့၊ မြို့လယ်ကျောင်းတိုက်တွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝါဆိုသင်္ကန်း ဆက်ကပ်  

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ မြို့လယ်ကျောင်းတိုက်တွင် ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့  နံနက်(၉)နာရီအချိန်က မြို့လယ်ကျောင်းတိုက် ဓမ္မာရုံတွင် ကျင်းပသည်။ 

တနင်္သာရီမြို့နယ် Community Centre ခန်းမအတွင်း လမ်းလျှောက်ခြင်းအကျိုးအသိပညာပေး Talk Show ဆွေးနွေးပွဲပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် တနင်္သာရီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက တမျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးအတွက် မိဘပြည်သူများ ငွေအကုန်အကျ မရှိဘဲသက်တောင့်သက်သာစွာ လမ်းလျှောက်ခြင်း အားကစားဖြင့်ရရှိမည့် အကျိုးကျေးဇူးများနှင့် ပတ်သက်၍ အသိပညာပေး(Talk Show) အစီအစဉ်ကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမအတွင်း ပြုလုပ်ခဲ့သည်။

မိုင်းပန်မြို့နယ်၌ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲနှင့် (၂၅)ကြိမ်မြောက် ရှမ်းပြည်နယ်လုံးဆိုင်ရာ ပရိယတ္တိသဒ္ဒမ္မပါလ စာပွဲတော်အောင် ရဟန်းသံဃာတော်မျာအား အောင်လက်မှတ်များပေးအပ်ပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ နှင့် (၂၅)ကြိမ်မြောက် ရှမ်းပြည်နယ်လုံးဆိုင်ရာ ပရိယတ္တိသဒ္ဒမ္မပါလ စာပွဲတော်အောင် ရဟန်း သံဃာတော်များအား အောင်လက်မှတ်များပေးအပ်ပွဲကို မွေတော်ပရိယတ္တိစာသင်တိုက်၌ ယမန်နေ့ နံနက် ၈ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

သီပေါမြို့နယ်၌ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက် (၁၀) နာရီက ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

မင်းဘူးမြို့တွင် ပဲတီစိမ်း  တစ်နေ့လျှင် တင်း ၁၀၀၀၀ ကျော် ဝင်ရောက်သော်လည်း ဝယ်လိုအားများပြီး အရောင်းသွက်

မင်းဘူးမြို့တွင် ပဲတီစိမ်း  တစ်နေ့လျှင်  တင်း ၁၀၀၀၀ ကျော် ဝင်ရောက် ရောင်းချလျက် ရှိ‌သော်လည်း ဝယ်လိုအားကောင်းပြီး အရောင်းသွက်လျက်ရှိကြောင်း မင်းဘူးမြို့ အမှတ် (၃) ထက်ယံကျော် ပွဲရုံပိုင်ရှင် ဦးခင်မောင်ထွန်းထံမှ သိရသည်။
Subscribe to