မောက်မယ်မြို့နယ်၌ ပန်းခင်းစီမံချက် (၂) ဖြင့် ကျေးရွာအရောက်ကွင်းဆင်းဆောင်ရွက်ပေး

မောက်မယ် ဇူလိုင် ၂၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် ပန်းခင်းစီမံချက်အဆင့်(၂) အရ လူဝင်ကြီးကြပ်ရေးနှင့်ပြည့်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှရုံးသို့ မလာရောက်နိုင်သော ကျေးလက်နေ ဒေသခံပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေးအတွက် မြို့နယ်လဝက ဦးစီးမှူး ရုံးဝန်ထမ်းများမှ ယမန်နေ့နံနက်ပိုင်းမှစ၍ပန်းတန်ကျေးရွာအုပ်စုရှိ ထီပျဉ်ကျေး ရွာ၊ ဖာစန်းကျေးရွာ၊ လွိုင်ကောင်ကျေးရွာ၊ ပန်တခွါးကျေးရွာများသို့ ဖာစန်းခန်းမဆောင်တွင် ကွင်းဆင်း၍ သွားရောက် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကျေးလက်နေဒေသခံပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများပြောင်းလဲထုတ် ပေးနိုင်ရေး အတွက် ပန်းတန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့်ပူးပေါင်း၍ ကျေးလက်နေဒေသခံပြည်သူများအား ၁၀ နှစ်ပြည့်၊ ၁၈ နှစ်ပြည့်၊  လဲလှယ်မှတ်ပုံတင်ကတ်ပြားများ လူ ၂၀၀ ဦး ဦးခန့် ရှေ့ပြေးပုံစံနှင့် နိုင်−၂ ပုံစံများကောက်ယူပြီး လက်ဗွေနှိပ်ယူခြင်း၊ ဓာတ်ပုံရိုက်ကူးခြင်းများ ပြုလုပ်ကာ ပန်းတန်ကျေးရွာ အုပ်စုအတွင်းရှိကျေးရွာများသို့  ပန်းခင်းစီမံချက်အဆင့်(၂)ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးငွေထွန်းထံမှသိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)