မိုင်းပန်မြို့နယ်၌ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲနှင့် (၂၅)ကြိမ်မြောက် ရှမ်းပြည်နယ်လုံးဆိုင်ရာ ပရိယတ္တိသဒ္ဒမ္မပါလ စာပွဲတော်အောင် ရဟန်းသံဃာတော်မျာအား အောင်လက်မှတ်များပေးအပ်ပွဲကျင်းပ

မိုင်းပန် ဇူလိုင် ၃၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ နှင့် (၂၅)ကြိမ်မြောက် ရှမ်းပြည်နယ်လုံးဆိုင်ရာ ပရိယတ္တိသဒ္ဒမ္မပါလ စာပွဲတော်အောင် ရဟန်း သံဃာတော်များအား အောင်လက်မှတ်များပေးအပ်ပွဲကို မွေတော်ပရိယတ္တိစာသင်တိုက်၌ ယမန်နေ့ နံနက် ၈ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိသတ် အပေါင်းတို့က နမောတဿ(၃)ကြိမ်ရွတ်ဆိုဘုရားကန်တော့၍ မွေတော် ပရိယတ္တိစာသင်တိုက်၊ မြို့နယ်သံဃနာယကအကျိုးတော်ဆောင်ဆရာတော် ဘဒ္ဒန္တကောဝိဒါ စာရာ ဘိပါလ (ဂန္တဝါစကပဏ္ဍိတ) ထံမှ (၅)ပါးသီလ ခံယူတည်ဆောက်ခဲ့ကြပြီး ဆရာတော် တရားတော်များ ဟောကြားတော်မူပေးခဲ့ ကြသည်။

ထို့နောက် (၂၅)ကြိမ်မြောက် ရှမ်းပြည်နယ်လုံးဆိုင်ရာ ပရိယတ္တိသဒ္ဒမ္မပါလ စာပွဲတော်အောင် ရဟန်းသံဃာတော်များအား အောင်လက်မှတ်များ အသီးသီးပေအပ်ချီးမြှင့်ခဲ့ကြပြီးနောက် ဧည့် ပရိသတ်အပေါင်းတို့မှ ဆရာတော်၊ ရဟန်းသံဃာတော်များအား ဝါဆိုသင်္ကန်းကပ်လှူ ပူဇော်ခဲ့ကြပြီး ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကြောင်း သိရသည်။

နော်မှိုင်း(ပြန်/ဆက်)