ချောက်မြို့မ​စျေး၌ ပလတ်စတစ်​လျော့ချ​ရေး ကွင်းဆင်း စစ်​ဆေး

ချောက် ဇူလိုင် ၃၁

မ​ကွေးတိုင်း​ဒေသကြီး၊ ​ချောက်ခရိုင်၊​ ချောက်မြို့မ​စျေး၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများ ပလတ်စတစ်အိတ်လျော့နည်းသုံးစွဲစေရန် ရည်ရွယ်၍ အပတ်စဉ် တနင်္လာနေ့တိုင်း "ပလတ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ်များ မသုံးစွဲရေးနေ့" သတ်မှတ်၍ ယ​နေ့နံနက် ၉ နာရီက ကွင်းဆင်း စစ်​ဆေးခဲ့သည်။

ထိုသို့စစ်​ဆေးရာတွင် မြို့နယ်စည်ပင်သာယာ​ရေးအဖွဲ့၊ မြို့နယ်စားသုံးသူ​ရေးရာဦးစီးဌာန၊ မြို့နယ်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနတို့ ပူး​ပေါင်း၍ ချောက်မြို့မ​စျေးတွင် တနင်္လာနေ့တိုင်း မြို့မ​စျေးအတွင်းနှင့် အပြင်တွင် "ပလတ်စတစ်အိတ်မသုံးစွဲရ"ဟု သတ်မှတ်ထားရှိပြီး ပလတ်စတစ်အိတ်အစား အင်ဖက်၊ ငှက်​ပျောဖက်၊ သတင်းစာစက္ကူတို့ဖြင့် အစားထိုး ထုတ်ပိုးသုံးစွဲ​စေ​ရေးအတွက် လိုက်လံကွင်းဆင်း စစ်​ဆေး​ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။

ကျော်မိုး(ပြန်/ဆက်)