နမ့်ဆန့်မြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း (ကျန်းမာရေးဌာန)က စီမံကိန်းဝင် ကျေးရွာများအား အရင်းမပျောက်မတည်ရန်ပုံငွေပေးအပ်ခြင်းအခမ်းအနား ပြုလုပ်

နမ့်ဆန် ဇူလိုင် ၃၁

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း(ကျန်းမာရေးဌာန) ရပ်ရွာလူထုအားလုံးပါဝင်သော ဘေးဒဏ်ကြံ့ကြံ့ခံနိုင်စွမ်းရှိသည့် ကျေးရွာများတည်ဆောက်ခြင်းစီမံချက်မှ စီမံကိန်းကျေးရွာဝင် (၁၀)ရွာအား ယမန်နေ့မွန်းလွဲ (၂)နာရီအချိန်က မြန်မာနိုင်ငံကြက်ခြေနီအသင်း (ကျန်းမာရေးဌာန) မြို့နယ်စီမံချက်ရုံးတွင် အရင်းမပျောက် မတည်ရန်ပုံငွေပေးအပ်ခြင်းအခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်ကြက်ခြေနီအသင်းခွဲ ဒုတိယဥက္ကဋ္ဌ ဦးအောင်မြင့်က ယခုကဲ့သို့ ရံပုံငွေပေးအပ်ရခြင်းသည် ကျေးရွာနေပြည်သူလူထုများ အရေးပေါ်ကျန်းမာရေးကိစ္စများ ဖြစ်ပေါ်လာလျှင် ဆေးရုံဆေးခန်းတွင် ပြသရန်လိုအပ်ပါက အသုံးပြုနိုင်ရန်အတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းက ထောက်ပံ့ပေးခြင်းဖြစ်သည့်အတွက် မတည်ပေးခြင်းဖြစ်ကြောင်း ပြောကြားကာ စီမံချက်အရာရှိ ဒေါ်စုစုလှိုင်က မတည်ရန်ပုံငွေပေးအပ်ရခြင်း၏ ရည်ရွယ်ချက်ကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။ ဆက်လက်၍ ပြည်နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ အုပ်ချုပ်ရေးအဖွဲ့ ဒုတိယတပ်ဖွဲ့မှူးနှင့် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ တပ်ဖွဲ့မှူးတို့က မတည်ရန်ပုံငွေကို ကျေးရွာတာဝန်ခံများထံ ပေးအပ်ကြောင်း သိရသည်။

အဆိုပါမတည်ရံပုံငွေပေးအပ်ပွဲတွင် စီမံကိန်းဝင်ကျေးရွာ တစ်ရွာချင်းစီတွင် ဖွဲ့စည်းထားသော VCMနှင့် VDC အဖွဲ့များထံ ကျပ်နှစ်ဆယ့်ခုနှစ်သိန်းတိတိ (၂၇၀၀၀၀၀)ကို စီမံကိန်းဝင်ကျေးရွာ (၁၀)ရွာအား ပေးအပ်ပြီး စုစုပေါင်း ကျပ်ငွေ သိန်ပေါင်း (၂၇,၀၀၀,၀၀၀)ကျပ်အား ထောက်ပံ့ပေးအပ်ကြောင်း သိရသည်။

နမ့်ဆန်ဒေသ(ပြန်/ဆက်)