နတ်တလင်းမြို့နယ်၌ ၂၀၂၃-၂၀၂၄ ခုနှစ် မိုးစပါး ထွန်တုံးပိတ် စိုက်ပျိုးပွဲပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ခုနှစ် မိုးစပါး ထွန်တုံးပိတ်စိုက်ပျိုးပွဲကို ယနေ့နံနက် ၉ နာရီအချိန်က သက်ငယ်ပြင်ကျေးရွာ တောင်သူဦးသိန်းဌေး၏ ကွင်းအမှတ် ၂၆၂၊ လယ်ဧက(၁၅)ဧကတွင် ကျင်းပပြုလုပ်ခဲ့သည်။

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓါဘိသေကအနေကဇာတင်လှူခြင်းအခမ်းအနားသို့ တက်ရောက်ကြမည့် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ကြီးများအား အာရုံဆွမ်းဆက်ကပ်လှူဒါန်း

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်အတွင်း တည်ထားကိုးကွယ်လျက်ရှိသည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓါဘိသေကအနေကဇာတင်လှူခြင်း၊ ကျောက်စာရုံစေတီများ ထီးတော်တင်လှူခြင်းနှင့် ရေစက်ချအခမ်းအနားများကို

မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ကျုံပါကျေးရွာ၌ လူနေအိမ်အချို့ ထိခိုက်ပျက်စီး

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင် ယနေ့နံနက် ၁၁ နာရီခွဲအချိန်ခန့်က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခိုက်မှုကြောင့် ကျုံပါကျေးရွာအုပ်စု၊ ကျုံပါကျေးရွာရှိ လူနေအိမ်(၆)လုံး လေဘေးသင့်ကာ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

ဘီးလင်းမြို့နယ်၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အစည်းအဝေးပြုလုပ်

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ဘီးလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။ ဆွေးနွေးပွဲတွင် ဘီးလင်းမြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌဦးစည်သူအောင်က သဘာဝဘေးမဖြစ်ပွားမီ၊ ကြိုတင်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ၊ သဘာဝဘေးဖြစ်ပွားနေစဉ်နှင့်ဖြစ်ပွားပြီး ဆောင်ရွက်ရမည့်လုပ်ငန်းများကိုလည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးနိုင်အောင်ထွန်းကသဘာဝဘေးမဖြစ်မီ သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအလိုက်ကယ်ဆယ်ရေးအဖွဲ့များ ကြိုတင်ဖွဲ့စည်းထားရေး၊ ကယ်ဆယ်ရေးစခန်းနေရာများကြိုတင်စီမံထားရှိရေး ဆောင်ရွက်ထားကြရန်တို့ကို ဆွေးနွေးပြောကြားခဲ့သည်။

ဒေးဒရဲမြို့၌ မိုးစပါးစိုက်ဧကများတွင် တစ်ဧကစပါး (၁၀)တင်း ပိုမိုထွက်ရှိရေး အသိပညာပေးဆွေးနွေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ကျေးရွာများရှိ မိုးစပါးစိုက်ပျိုးလယ်မြေများတွင် တစ်ဧက စပါး(၁၀)တင်းနှုန်း ပိုမိုတိုးတက် ထွက်ရှိရေး ကျေးရွာများတွင် အသိပညာပေး ဆွေးနွေးပွဲများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲ (၂)နာရီက သက္ကယ်ချောင် ကျေးရွာ အုပ်စု၊ ရွှေဘိုစုကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင်ကျင်းပပြုလုပ်ခဲ့ရာ ဒေသခံ တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဒလမြို့နယ် အခြေခံပညာအထက်တန်းကျောင်းခွဲ အ.လ.က(၂)တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို အခြေခံပညာအထက်တန်းကျောင်းခွဲ အ.လ.က(၂) ပညာရတနာခန်းမ၌  ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရန် GIS နည်းပညာအသုံးပြု၍ Census Units များ ရေးဆွဲခြင်းလုပ်ငန်း သင်တန်းဖွင့်ပွဲအခမ်းအနား တက်ရောက်

မကွေးတိုင်းဒေသကြီး ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနိုင်ရန် GIS နည်းပညာအသုံးပြု၍ Census Units များ ရေးဆွဲခြင်းလုပ်ငန်း သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီက မကွေးမြို့နယ် စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီး ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်

ကျိုက်ထိုမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်း၍ ကဒက်ချောင်းရေလျှံမှုဖြစ်သဖြင့် နေအိမ်များတွင်းသို့ ရေများဝင်ရောက်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ဇူလိုင်(၂၈)ရက်မှ (၃၁)ရက်နေ့အထိ မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေများစီးဆင်းမှုကြောင့် ကဒတ်ချောင်းရေလျှံမှုဖြစ်ပွားပြီး ကျိုက်ထိုမြို့၊ ဇေယျာမွန်ရပ်ကွက်၊ ဇေယျာမွန်တိုးချဲ့ကွက်သစ်ရှိ မြေနိမ့်ပိုင်း နေအိမ်များသို့ ရေများ၀င်ရောက်ခဲ့သည်။

ချောင်းဆုံမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ မိုးစပါးစိုက်ဧက(၆၁၈၂၀)ဧက စိုက်ပျိုးပြီးစီး

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ပြည်သူများ ဒေသဝမ်းစာ စပါးဖူလုံစေရေးအတွက် ၂၀၂၃ ခုနှစ်အတွင်း မိုးစပါးစိုက်တောင်သူများအနေဖြင့် စိုက်ဧက(၆၅၂၄၂)စိုက်ပျိုးနိုင်ရန် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ လျာထားလျက်ရှိပြီး ဇူလိုင်လ(၃၁)ရက်နေ့အထိ မိုးစပါး(၆၁၈၂၀)ဧက စိုက်ပျိုးပြီးစီးခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် (၉၄.၇၅)ရာခိုင်နှုန်း စိုက်ပျိုးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ချောက်မြို့၌ ကျေးလက်နေပြည်သူများ ‌၀င်ငွေတိုးရေးစီမံကိန်း အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်းသင်တန်းဆင်းပွဲ ကျင်းပ

ချောက်မြို့၌ ကျေးလက်နေပြည်သူများ ‌၀င်ငွေတိုးရေးစီမံကိန်း အခြေခံမော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်းသင်တန်းဆင်းပွဲ ကျင်းပ ချောက် ဇူလိုင် ၃၁ နိုင်ထက်မိုး (ချောက်မြို့၊ ပြန်/ဆက်)
Subscribe to