ပွင့်ဖြူမြို့မဈေး၌ ပလတ်စတစ် သုံးစွဲမှုလျှော့ချရေး ဈေးသူဈေးသားများ စနစ်တကျ လိုက်နာနိုင်ရေး အသိပညာပေးခြင်းနှင့် တစ်ခါသုံး အင်ဖက် ၊ ငှက်ပျောဖက်၊ ကြာဖက် ၊ စက္ကူများ အခမဲ့ဖြန့်ဝေပေး

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ကြီးကြပ်မှုအောက်ရှိ မြို့မဈေးနှင့် ကျေးလက် စည်ပင်သာယာဈေး(၄)ခုတွင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုလျော့နည်းသက်သာစေရန် ပလတ်စတစ် မသုံးစွဲရနေ့အဖြစ် သတ်မှတ်ထားရှိ စစ်ဆေးဆောင်ရွက်လျက်ရှိရာ

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း မာရဝိဇယရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓါဘိသေကအနေက ဇာတင်လှူပွဲသို့ ကြွရောက်ကြသည့် ဆရာတော်ကြီးများအား ပို့ဆောင်ပူဇော်၊ တည်နေဆာက်ရေး လုပ်ငန်းသုံးပစ္စည်းများ လိုအပ်မှုနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေး တက်ရောက်

ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းသည် ဒုတိယဝန်ကြီးများ၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ယာဉ် အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းတွင်  နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကျိုက္ကော်ရပ်ကွက်၊ ရန်ကုန်-မော်လမြိုင် အဝေးပြေးကားလမ်းမပေါ် ရေကျော်

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့တွင် မိုးသည်းထန်စွာအဆက်မပြတ် ရွာသွန်းပြီး တောင်ကျရေများစီးဆင်းမှုကြောင့် ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်ခန့်က ကျိုက္ကော်ရပ်ကွက် မြို့မဈေးအရှေ့ရှိ ရန်ကုန်-မော်လမြိုင်အဝေးပြေးကားလမ်းမပေါ် ရေကျော်ကာ ယာဉ်ငယ်များအသွားအလာ ခက်ခဲမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့နယ်အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဘက်စုံဖွံ့ဖြိုး တိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ရုံး တာဝန်ရှိသူများ လိုက်ပါလျက် ဇူလိုင်လ(၃၀)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့နယ်အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဘက်စုံဖွံ့ဖြိုး တိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

မိုးကောင်းမြို့၌ အခြေခံပညာကျောင်းများ မြို့နယ်အဆင့်သင်ထောက်ကူပြိုင်ပွဲကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် အခြေခံပညာကျောင်းများ မြို့နယ်အဆင့် သင်ထောက် ကူပြိုင်ပွဲကို အထက-နောင်ကိုင်တော်ကျောင်း၌ ဇူလိုင်လ(၃၁)ရက် နေ့လယ်(၁၁)နာရီ တွင်ကျင်းပသည်။

ကျန်းမာရေးအသိပေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား အာဟာရထောက်ပံ့ပေးခြင်းများ ဆောင်ရွက်

ပဲခူးတိုင်း​ဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရရက်သတ္တပတ်လှုပ်ရှားမှု အထိမ်းအမှတ်အနေဖြင့် ကျန်းမာရေးအသိပေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား အာဟာရထောက်ပံ့ပေးခြင်း အခမ်းအနားကို ယမန်နေ့နံနက်၉နာရီအချိန်က ဖြူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျိုင်းတုံမြို့၌ သက်ကြီးရွယ်အို အခွင့်အရေးများဆိုင်ရာ ဥပဒေရှင်းလင်းဆွေးနွေးပွဲကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ သက်ကြီးရွယ်အို အခွင့်အရေးများဆိုင်ရာ ဥပဒေရှင်းလင်းဆွေးနွေးပွဲကို ဇူလိုင် ၃၁ ရက် နံနက် ၁၀ နာရီက ကျိုင်းတုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပသည်။

မူဆယ်မြို့နယ်၊ ဝန်ထမ်းပေါင်းစုံငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ ၂၀၂၁-၂၂ (၆)လချုပ်နှင့် ၂၀၂၂-၂၃ ဘဏ္ဍာနှစ် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးအခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊မူဆယ်မြို့တွင် ဝန်ထမ်းပေါင်းစုံငွေစုငွေချေးသမဝါယမအသင်းလီမီတက်၏ ၂၀၂၁-၂၂ (၆)လချုပ်နှင့် ၂၀၂၂-၂၃ဘဏ္ဍာနှစ် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးအခမ်းအနားကို ယမန်နေ့နံနက်(၁၀:၀၀)နာရီအချိန်က မူဆယ်မြို့၊ အိမ်တွင်းမှုကျောင်းခန်းမတွင် ကျင်းပဆောင်ရွက်ခဲ့ပါသည်။

ကွတ်ခိုင်မြို့နယ်အတွင်းရှိ သက်ကြီးဘိုးဘွား (၃၇၅)ဦးအတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေပေးအပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများ အတွင်း နေထိုင်လျက်ရှိသော အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအတွက် လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်ခြင်းကို မြို့နယ်လူမှုဝန်ထမ်း ဦးစီးဌာနမှဝန်ထမ်းများက ယမန်နေ့နံနက်(၁၁) နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Subscribe to