တံတားဦးမြို့နယ်တွင် ပန်းများလှိုင်လှိုင်ပေါများနေခြင်းကြောင့် ပန်းရောင်ချသူများအဆင်ပြေ

တံတားဦးခရိုင် တံတားဦးမြို့နယ်သည် လမ်းပန်းဆက်သွယ်ရေးလွယ်ကူသဖြင့် မန္တလေးမြို့နှင့်အခြားမြို့များမှ တိုက်ရိုက်ဝယ်ယူရောင်ချရန် လွယ်ကူနေမှုကြောင့် ပန်းများယခင်ကထက် အဝင်များကာ ပန်းဝယ်သူများ ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ကြောင်း ပန်းရောင်းသူဈေးသည် ဒေါ်ခင်မျိုး ထံမှသိရသည်။

သီပေါမြို့နယ်တွင်မိုဘိုင်းစာကြည့်တိုက်စနစ်ဖြင့်စာအုပ်စာစောင်ငှားရမ်းပေးခြင်းဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက ဌာနဆိုင်ရာများ၊ အခြေခံပညာကျောင်းများနှင့် မြို့ပေါ်ရပ်ကွက်များသို့ စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် မိုဘိုင်းစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်း ပေးခြင်းကို ယနေ့နံနက် (၉)နာရီက ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နောင်ချိုမြို့ အထက-၁ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုပေါင်း၍ ဝါဆိုသင်္ကန်း၊ ဝါဆိုပန်းနှင့်နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းပွဲကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် အထက-၁ ကျောင်းအုပ်ဆရာကြီး၊ ဆရာ၊ ဆရာများ၊ ကျောင်းသား၊ ကျောင်းသူများမှ ဝါဆို သင်္ကန်း၊ ဝါဆိုပန်းနှင့် နဝကမ္မအလှူတော် ငွေကျပ်သိန်း(၂၀) ဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့နံနက်ပိုင်းက သဖန်းကိုင်းဘုန်တော်ကြီး ကျောင်းအကယ်ဒမီဝိပဿနာဓမ္မရိပ်သာတွင်  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အမရပူရမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယနေ့နံနက်ပိုင်းက ပင့်သံဃာတော်၁၀ပါးကို အမရပူရမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဝါဆိုသင်္ကန်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

မဟာအောင်မြေမြို့နယ် အမှတ်(၂၄) အခြေခံပညာအထက်တန်းကျောင်းတွင် ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်း

မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်တွင် အမှတ်(၂၄)အခြေခံပညာအထက်တန်း ကျောင်းတွင် (၅၆)ကြိမ်မြောက်ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် (၁၀)နာရီက ကျင်းပခဲ့သည်။

သာစည်မြို့နယ်တွင် အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေပေးအပ်

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်၌ အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေပေးအပ်ပွဲကို ယမန်နေ့ နံနက် ၉ နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ကြောင်းသိရသည်။

တာချီလိတ်မြို့၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းရုံးအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုးမိတ်မြို့နယ်တွင် ၂၀၂၃ -၂၀၂၄ ဘဏ္ဍာနှစ် ပြည်ထောင်စုဘဏ္ဍာ မြစိမ်းရောင်(အသားကဏ္ဍ) ကျပ် (၄၁၀) သိန်းဖြင့် ဒုတိယအကြိမ် မျိုးကောင်းမျိုးသန့် ကျွဲ၊ နွား ဖြန့်ဖြူးခြင်း

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စု၊  ဘော်ဒေကျေးရွာတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘဏ္ဍာ မြစိမ်းရောင် (အသားကဏ္ဍ) ကျပ်( ၄၁၀) သိန်းဖြင့် ဒုတိယအကြိမ် မျိုးကောင်းမျိုးသန့် ကျွဲ၊နွား  ဖြန့်ဖြူးပေးအပ်ခြင်းကို ယမန်နေ့   နံနက် ၁၀ နာရီ အချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဘော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒေါက်တာမြင့်ဇော်နှင့် ဝန်ထမ်းများ ၊ တာဝန်ရှိသူများက  ဒေသခံတိုင်းရင်းသားများ ထံ လက်ဝယ်အရောက် ဖြန့်ဖြူးပေးအပ်ခဲ့ကြောင်း သိရသည်။

မိုင်းပန်မြို့နယ် “နမ့်ခုံး”ရှမ်းများပရဟိတအသင်းခွဲမှ ကုသိုလ်ဖြစ် အခမဲ့ဆေးခန်း ဖွင့်လှစ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် သက်ကြီးရွယ်အိုဘိုးဘွားများနှင့် မသန်စွမ်းသူများ ကျန်းမာကြံ့ခိုင်မှုရှိစေရေးအတွက် ကုသိုလ်ဖြစ် အခမဲ့ဆေးခန်းကိုမွေတော် ပရိယတ္တိစာသင်တိုက် မြို့ဦးဓမ္မာရုံ၌ ယမန်နေ့နံနက် ၉ နာရီအချိန်က ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

မင်းလှမြို့၌ကြွပ်ကြွပ်အိတ်သုံးစွဲမှုလျှော့ချရေးအသိပညာပေး Campaign အရှိန်အဟုန်မြှင့်ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ်ရန်နှင့် ကြွပ်ကြွပ်အိတ်အသုံးပြုမှုလျှော့ချရေး၊ ပလပ်စတစ်အိတ် ကြွပ်ကြွပ်အိတ်အစား ငှက်ပျောဖက်၊ အင်ဖက်နှင့် စက္ကူအိတ်များ အစားထိုးအသုံးပြုရေး အသိပညာပေး Campaign အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၈)နာရီက မင်းလှမြို့ဇေယျာ သီရိဈေးတွင် ဈေးရောင်း စျေးဝယ်ပြည်သူများအား လက်ကမ်းစာစောင်ဖြန့်‌ဝေပေးခြင်း၊ ဈေးရောင်းချသူများ အား ငှက်ပျောဖက်နှင့်အင်ဖက်များ ဖြန့်ဝေပေးခြင်းဆောင်ရွက်ခဲ့သည်။
Subscribe to