ပခုက္ကူတတ္ကသိုလ်၌ အထူးပြုဘာသာရပ်ပေါင်းစုံ (အမျိုးသား၊ အမျိုးသမီး) စစ်တုရင်အားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ ၂၀၂၂-၂၀၂၃ပညာသင်နှစ်၊ အထူးပြု ဘာသာရပ်ပေါင်းစုံ (အမျိုးသား၊ အမျိုးသမီး) စစ်တုရင်အားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဇူလိုင်လ ၃၀ ရက် ညနေ၄ နာရီအချိန်က အဆိုပါတက္ကသိုလ်၊ မိုးလုံလေလုံ အားကစားရုံခန်းမတွင် ကျင်းပသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ၇/၂၀၂၃ ကြိမ်မြောက် အစည်းအဝေး တက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ၇/၂၀၂၃ ကြိမ်မြောက် အစည်းအဝေးကို ဇူလိုင်လ ၃၁ ရက်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ဒုတိယဥက္ကဋ္ဌ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်း၊ တိုင်းဒေသကြီး ခရီးသွားလုပ်ငန်းကော်မတီအတွင်းရေး မှူးနှင့်အဖွဲ့ဝင်များ၊ လုပ်ငန်းရှင်များ တက်ရောက်ကြသည်။

ကြံခင်းမြို့နယ် မုခ်ထုပ်ကျောင်းတိုက်တွင် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင် ဝါတွင်းကာလ ဝါဆိုသင်္ကန်းကပ်လှူဒါန်းခြင်းများကျင်းပကြရာ  မြို့နယ်ရဲတပ်ဖွဲ့(ကြီးကြပ်ကွပ်ကဲမှု)အောက်ရှိ ရဲစခန်း၊ ရဲကင်းမိသားစုများစုပေါင်း ဝါဆိုသင်္ကန်းကပ်လှူခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က ကြံခင်းမြို့နယ် ၊ ရွာသစ်ရပ်ကွက်၊ မုခ်ထုပ်ကျောင်းတိုက်တွင် လှူဒါန်းခဲ့ကြသည်။

ကျိုက်လတ်၌ ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ် မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP) ရန်ပုံငွေများအား ကျေးရွာများသို့ လွှဲပြောင်းပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ် မြစိမ်းရောင် ကျေးရွာစီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေများအား ကျေးရွာများသို့ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွေဝါလတ်ခန်းမ၌ ကျင်းပခဲ့သည်။

နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သော သွင်းအားစု ပေးအပ်ပွဲအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက်လိုအပ်သော သွင်းအားစုပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်(၁၁)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင်ကျင်းပသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဗန်းမော်ခရိုင် မိုးမောက်-လွယ်ဂျယ်လမ်းပိုင်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ သတ်မှတ်ချိန်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေး

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊မိုးမောက်မြို့နယ် လွယ်ဂျယ်နယ်စပ်မြို့နှင့် တရုတ်ပြည်သူ့သမ္မ တနိုင်ငံ၊ တယ်ဟုန်ပြည်နယ်ခွဲ၊ လုံချွန်ခရိုင်နှင့် ဆက်သွယ်ထားသော နယ်စပ်ကုန်သွယ်ရေးလမ်း တစ်ခုဖြစ်သည့် မိုးမောက် - လွယ်ဂျယ်လမ်းပိုင်း (၄၇)မိုင် (၇)ဖာလုံအား အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် အချိန်မီပြီးစီးအောင်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင် ၃၁ ရက် နံနက် ၉ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။

မင်းလှမြို့တွင် ဝါဝင်ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင်နှစ်စဉ်ကျင်းပလျက်ရှိသည့် ဝါဝင်ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို အမှတ်(၆)ရပ်ကွက်၊ မြို့လယ်ဓမ္မာရုံဘုရားကြီး၌ ဇူလိုင် ၃၁ ရက်နေ့၊ နေ့လယ် ၁ နာရီချိန်ကကျင်းပပြုလုပ်ခဲ့သည်။
Subscribe to