ဒုတိယဗိုလ်ချုပ်ကြီးလူအေးနှင့် တာဝန်ရှိသူများ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသည့် ဝါဆိုသင်္ကန်း၊ ဆွမ်းဆန်တော်၊ ဆီနှင့် ဆေးဝါးများအား ဆရာတော်များထံ ဆက်ကပ်လှူဒါန်း  

ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများသည် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများနှင့်အတူ ယနေ့ နံနက်ပိုင်းက ကျောက်ဖြူမြို့၊ နဂါးကျောင်း ပရိယတ္တိစာသင်တိုက်သို့ သွားရောက်၍ ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ လှူဒါန်းသည့် ဝါဆိုသင်္ကန်း၊ ဆွမ်းဆန်တော်၊ ဆီနှင့် ဆေးဝါး များအား ဆရာတော် အရှင်သူမြတ်များထံသို့ ဆက်ကပ်လှူဒါန်းကြသည်။

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး ဇမ္ဗူသီရိမြို့နယ် စခန်းသာဘုန်းတော်ကြီးကျောင်းသို့ သွားရောက်၍ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပြီး ကျောင်းတိုက်အတွင်း၊ အပြင် သန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်နေမှု ကြည့်ရှုအားပေး

ဝါတွင်းကာလအတွင်း ဝါဆိုဝါကပ်တော်မူကြသည့် ဆရာတော်သံဃာတော်များ စိတ်နှလုံး ချမ်းမြေ့စွာဖြင့် တရားဘာဝနာများ ကျင့်ကြံအားထုတ်ပွားများနိုင်စေရန်အတွက် ရည်ရွယ် ၍  ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျောင်းတိုက်အတွင်း၊ အပြင် သန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်နေမှုကို ယနေ့ နံနက်ပိုင်းတွင်  ဇမ္ဗူသီရိမြို့နယ်၊ အောင်ဇမ္ဗူရပ်ကွက်၊ စခန်းသာဘုန်းတော်ကြီးကျောင်း၌ ကျင်းပရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက် ကြည်ညိုကြသည်။ 

ဇမ္ဗူသီရိမြို့နယ်၌ ယာဉ်စည်းကမ်း လမ်းစည်းကမ်း အန္တရာယ် အသိပညာပေးခြင်း လုပ်ငန်းများဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိသီရိမြို့နယ်အတွင်း ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အန္တရာယ်အသိပညာပေးခြင်း လုပ်ငန်းဆောင်ရွက်မှုကို ယမန်နေ့ ညနေပိုင်းက လူစည်ကားရာနေရာများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လားရှိုးတက္ကသိုလ် ကြက်ခြေနီအသင်းခွဲ ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်း၊ အမှတ်စဉ် (၁/၂၀၂၃) သင်တန်းဆင်းပွဲကျင်းပ

လားရှိုးတက္ကသိုလ်ကြက်ခြေနီအသင်းခွဲ၊ ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်း၊ အမှတ်စဉ်(၁/၂၀၂၃) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီအချိန်က လားရှိုးတက္ကသိုလ်၊ ကမ္ဘောဇခန်းမတွင် ကျင်းပပြုလုပ်သည်။

သရက်ချောင်းမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်း၍ လေပြင်းတိုက်ခိုက်မှုကြောင့် သစ်ပင်ကြီး ပြိုလဲကျမှုဖြစ်ပွား

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ဇူလိုင်လ ၂၉ ရက်နေ့မှစ၍ မိုးများအဆက်မပြတ်ရွာသွန်းလျက်ရှိရာ ယနေ့နံနက်ပိုင်းက သရက်ချောင်းမြို့၊ မြို့မရပ်ကွက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ရုံးနဘေးရှိသစ်ပင်ကြီးသည်လေပြင်းတိုက်ခတ်မှုကြောင့် ပြိုလဲကျမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

လားရှိုးမြို့တွင် ဒေသဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးရွာဥက္ကဋ္ဌများ၊ ရပ်ကွက်ကျေးရွာစာရေးဝန်ထမ်းများနှင့် အစည်းအဝေး ပြုလုပ်

ဒေသဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးတို့အတွက် ဌာနဆိုင်ရာများ၊ ကျေးရွာဥက္ကဋ္ဌများ၊ ရပ်ကျေးစာရေးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် (၁၀)နာရီအချိန်က လားရှိုးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။

မြောက်ဦးမြို့၊ မြို့မဈေးကြီးတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ခြင်းဆေးမှုတ်ခြင်း ဆောင်ရွက်

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၊ မြို့မဈေးကြီးတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ခြင်ဆေးမှုတ်ခြင်းကို ယမန်နေ့ မွန်းလွဲ (၃) နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ချောက်မြို့နယ်တွင် စားသုံးသူရေးရာဦးစီးဌာနမှ စားအုန်းဆီ  ဖြန့်ဖြူးရောင်းချ​နေမှုအား ကွင်းဆင်းကြပ်မတ်

စားသုံးသူရေးရာဦးစီးဌာန၊ ချောက်ခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဒေါ်​​မြတ်​မြတ်မိုးသည် ယမန်နေ့နံနက်ပိုင်းက ချောက်မြို့နယ်၊ မိုလာကျေးရွာတွင် စျေးကား​ဖြင့်လှည့်လည်၍ စားအုန်းဆီ ရောင်းချ​​ပေးနေမှုအား ကွင်းဆင်း၍စိစစ်ကြပ်မတ် ဆောင်ရွက်ခဲ့သည်။

တံတားဦးမြို့နယ်တွင် မိုးနှမ်းများ ရိတ်သိမ်းပြီးဖြစ်ရာ အထွက်နှုန်းကောင်းမွန်သောကြောင့် နှမ်းစိုက်ပျိုးသူများ အဆင်ပြေ

တံတားဦးခရိုင် တံတားဦးမြို့နယ် နှမ်းစိုက်ပျိုးတောင်သူများ ရိတ်သိမ်းပြီးဖြစ်ရာ နှမ်းစိုက်ပျိုးတောင်သူများ နှမ်းများအထွက်နှုန်း ကောင်းမွန်သောကြောင့် ပြူကန်ကျေးရွာ တောင်သူ ဦးဇော်ဇော်ထံမှ သိရသည်။

လိပ်သိုမြို့အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်လုပ်ငန်းဆောင်ရွက်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်း သား/ကျောင်းသူများစာဖတ်ရှိန်မြင့်မားပြီး အသိပညာ တိုးပွားစေရေးအတွက် စဉ်ဆက်မပြတ် စာအုပ်/စာစောင် များကို အခမဲ့ငှါးရမ်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက် ၉ နာရီခွဲအချိန်က လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌  နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်ပေးပြီး  စာအုပ် စာစောင်များကို အခမဲ့ ငှါးရမ်းပေးခဲ့ကြောင်း သိရသည်။
Subscribe to