ရွှေဘိုမြို့တွင် စားအုန်းဆီအရောင်းကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးပွဲကျင်းပ
Sep 07,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ စားအုန်းဆီ အရောင်းကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ပြုလုပ်ခဲ့ရာ ဆွေးနွေးပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦး၊ ဒုခရိုင်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်၊ ခရိုင်စားသုံးသူရေးရာဦးစီးမှူး ဦးဇော်မင်းသိန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊ ဦးစီးအရာရှိ ဦးသူရိန်လွင်၊ မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များဥက္ကဋ္ဌ ဦးဘသင်းနှင့် စားအုံးဆီအရောင်း ကိုယ်စားလှယ် (၁၂) ဦး၊ စုစုပေါင်း (၂၅)ဦးတို့ တက်ရောက် ခဲ့ကြောင်း သိရသည်။