သတင်းများ

သံဖြူဇရပ်မြို့နယ်တွင် ဂဟေဆက်/ဝရိန်ဆော်ခြင်း သင်တန်းဖွင့်လှစ်
Sep 07,2023
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှဖွင့်လှစ်သည့် အသက်မွေးဝမ်းကြောင်း အထောက်အကူပြု ဒီဇယ်လျှပ်စစ်သင်တန်း "ဂဟေဆက်/ဝရိန်ဆော်ခြင်း" သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ဝယ်ကဝါကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ပြုလုပ်ခဲ့ကြောင်း သိရသည်။
ညောင်ဦးမြို့၌ အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသော လေထုနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပ
Sep 07,2023
၂၀၂၃ ခုနှစ် အပြည်ပြည်ဆိုင်ရာသန့်ရှင်းသောလေထုနေ့ (International Day OF Clean Air For Blue Skies) အထိမ်းအမှတ်အခမ်းအနားကျင်းပခြင်းကို ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အနော်ရထာခန်းမ၌ ယနေ့နံနက် ၉ နာ ရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
ဓနုဖြူမြို့နယ်၌ နယ်လှည့်အသိပညာပေး ဟောပြောပွဲကျင်းပ
Sep 07,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် နယ်လှည့်အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက ကျုံတနော်အနောက် ကျေးရွာအုပ်စု၊ လိပ်ချောင်းကျေးရွာ၊ အ.ထ.က(ခွဲ) လိပ်ချောင်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ငါန်းဇွန်မြို့၌ စနစ်သစ် Aerobic (၄၆)ကွက်နှင့် Zumba သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
Sep 07,2023
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး စနစ်သစ် Aerobic (၄၆)ကွက်နှင့် Zumba သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
ငပုတောမြို့နယ် အ​​ခြေခံပညာ အထက်တန်းကျောင်း၌ နိုင်ငံတကာ စာတက်မြောက်ရေးနေ့ အထိမ်းအမှတ် ပန်းချီပြိုင်ပွဲကျင်းပ
Sep 07,2023
ဧရာဝတီတိုင်း​ဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့၌ နိုင်ငံတကာ စာတက်မြောက်ရေး​နေ့ ပန်းချီ ပြိုင်ပွဲကို ယမန်နေ့ နံနက် (၁၀)နာရီအချိန်က အ​ခြေခံပညာအထက်တန်းကျောင်း နဝရတ်ခန်းမ၌ ကျင်းပပြုခဲ့သည်။
ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်သူများလက်ဝယ်အရောက် ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်၊ စာစောင်များငှားရမ်းပေး
Sep 07,2023
ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် စာအုပ်များလိုက်လံငှားရမ်းပေးမှုကို ရပ်ကွက်‌/ကျေးရွာများအရောက် လိုက်လံငှားရမ်း‌ပေးနေလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ဝက်လွတ်ကုန်းကျေးရွာနှင့် လေသာတောင်သာ ရပ်ကွက်များသို့ သွားရောက် ငှားရမ်းပေးခဲ့သည်။
မဟာအောင်မြေမြို့နယ်၊ အမှတ်(၂) အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ လူငယ်ရေးရာ ဟောပြောပွဲ ကျင်းပ
Sep 07,2023
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်၊ အမှတ်(၂)အခြေခံပညာ အလယ်တန်းကျောင်းခွဲ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာဟောပြောပွဲကို  ယနေ့နံနက်(၁၀) နာရီက ကျင်းပခဲ့သည်။