နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ်အကြို အများပြည်သူအသိပညာပေး (Talk Show) ကျင်းပ

နမ္မတူ စက်တင်ဘာ ၇

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရုံးမှ Online စနစ်ဖြင့် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၈)ရက်နေ့တွင် ကျရောက်မည့် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ်အကြို အများပြည်သူ အသိပညာပေး(Talk Show) အစီအစဉ်ကို ယနေ့မွန်းလွဲ(၁)နာရီအချိန်က နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ရိုက်ကူးတင်ဆက်ခဲ့ကြောင်း သိရသည်။

ရှေ့ဦးစွာ အသိပညာပေး (Talk Show)တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နမ္မတူမြို့နယ်ရုံးမှ ဒုတိယဦးစီးမှူး ဒေါ်ချစ်ချစ်ပိုင်က Online စနစ်ဖြင့် နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်းအမှတ်အကြို အများပြည်သူအသိပညာပေး (Talk Show) ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ဦးစီးအရာရှိ ဒေါ်နန်းမျိုးဆောင်းကျော်က နိုင်ငံတကာစာတတ်မြောက်ရေးနေ့ဖြစ်ပေါ်လာပုံ၊ မြန်မာနိုင်ငံတွင် စာမတတ်သူပပျောက်ရေး ဆောင်ရွက်ခဲ့ကြပုံ၊ နိုင်ငံတကာမှပေးအပ်သည့် စာတတ်မြောက်ရေးလှုပ်ရှားမှု ဂုဏ်ပြုဆုချီးမြှင့်ခြင်းခံခဲ့ရပုံ၊ စာသင်ကြားသူတို့၏ မြင့်မားသောဂုဏ်ရည်များ၊ စာသင်ယူသူတို့၏ အလေးထားကြိုးစားရပုံများ၊ စာတတ်မြောက်သူတို့၏ အကျိုးတရားအဖုံဖုံ စသည့်အကြောင်းအရာများအား အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေးအတွက် ဆွေးနွေးဆောင်ရွက်ခဲ့သည်။

အဆိုပါ Online စနစ်ဖြင့် အများပြည်သူအသိပညာပေး (Talk Show) အစီအစဉ်များကို လစဉ်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အရပ်ဘက်အဖွဲ့အစည်းများဖြင့် ပူးပေါင်း၍ အများပြည်သူတို့ သိသင့်သိထိုက်သည့် အကြောင်းအရာများဖြင့်  ရိုက်ကူးတင်ဆက်ပေးမည်ဖြစ်ကြောင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နမ္မတူမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်နန်းမျိုးဆောင်းကျော်ထံက သိရသည်။

လူမော်(ပြန်/ဆက်)