ရွှေဘို စက်တင်ဘာ ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ စားအုန်းဆီ အရောင်းကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ပြုလုပ်ခဲ့ရာ ဆွေးနွေးပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦး၊ ဒုခရိုင်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်၊ ခရိုင်စားသုံးသူရေးရာဦးစီးမှူး ဦးဇော်မင်းသိန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊ ဦးစီးအရာရှိ ဦးသူရိန်လွင်၊ မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များဥက္ကဋ္ဌ ဦးဘသင်းနှင့် စားအုံးဆီအရောင်း ကိုယ်စားလှယ် (၁၂) ဦး၊ စုစုပေါင်း (၂၅)ဦးတို့ တက်ရောက် ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦးမှ အဖွင့်အမှာစကားပြောကြားရာ ဆီအရောင်း ကိုယ်စားလှယ်များအနေဖြင့် မိမိတို့ လက်ရှိရောင်းချနေမှုအခြေအနေများ၊ ဝယ်ယူမှု၊ သယ်ယူမှု၊ ရောင်းချမှုအခြေအနေများကို ပွင့်လင်းစွာ ရှင်းလင်းဆွေးနွေးကြရန်၊ ရရှိသည့် ဆီခွဲ တမ်းများကို ညီညီမျှမျှဖြင့် စားသုံးသူလက်ဝယ်သို့ ရောက်ရှိအောင် ဝိုင်းဝန်းထိန်းသိမ်း ဆောင်ရွက်ပေးစေလိုကြောင်းနှင့် ရောင်းချရာတွင် တွေ့ကြုံရသည့် အခက်အခဲများကို တင်ပြကြ ရန်ဖြင့် ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် ခရိုင်စားသုံးသူရေးရာဦးစီးမှူး ဦးဇော်မင်းသိန်းမှ စားအုံးဆီရောင်းချမှု ဆိုင်ရာမူဝါဒများနှင့် စားအုံးဆီပြတ်လပ်မှုမရှိစေရေး ဆောင်ရွက်မှုအခြေအနေများကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး ဆီလုပ်ငန်းရှင်များဥက္ကဋ္ဌ ဦးဘသင်းနှင့် အရောင်းကိုယ်စားလှယ်များမှ တစ်ဦးချင်း ရှင်းလင်းတင်ပြခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်