ငါ့သရောက်မြို့တွင် မိုးမြေပဲမျိုးသန့်ပွားပန်းတိုင်စံပြကွက် ကွင်းသရုပ်ပြပွဲကျင်းပ
Sep 08,2023
စိုက်ပျိုးရေးမွေးမြူးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာနသည် မျိုးကောင်း မျိုးသန့်ပွားများရေး လေ့ကျင့်ပညာပေးရေးနှင့် သုတေသနဖွံ့ဖြိုးရေးကို အဓိကလုပ်ဆောင်လျက်ရှိရာ ငါ့သရောက်မြို့စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူး၍ တောပြားကျေးရွာအုပ်စု အိုရင်းကျေးရွာတွင် မိုးမြေပဲ(ဆင်းပဒေသာ-၁၁) မျိုးသန့်ပွား ပန်းတိုင်(၁၀) ဧက စံပြကွက်အား၂၀၂၃-၂၀၂၄ ခုနှစ် မိုးသီးနှံရာသီတွင် အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။