တပ်ကုန်း စက်တင်ဘာ ၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်တွင် မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ် ငန်းရှင်များအသင်းနှင့် မြို့နယ်အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ အသင်းတို့ပူးပေါင်း၍ ပြည်သူများနှင့်ဌာနဆိုင်ရာဝန်ထမ်းများအား စားသုံးဆီ တစ်ပိဿာလျှင် ၄၅၀၀ ကျပ်နှုန်းဖြင့် ယနေ့နံနက်ပိုင်းက မြို့တွင်းရန်ကုန်-မန္တလေးကားလမ်း၊ မီးပွိုင့်အနီး၊ ရောင်းချပေးခဲ့သည်။
အဆိုပါရောင်းချရာတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိုင်းဦးစီးမှူး ဦးခင်မောင်ဆွေ ကြီးကြပ်ပြီး၊ မြို့နယ်အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ် ငန်းရှင်အသင်းဝင်များ၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းဝင်တို့က စနစ်တကျဆောင်ရွက်၍ ပိဿာချိန် ၁၈၀၀ ရောင်းချပေးခဲ့ကြောင်းသိရပြီး၊ စားသုံးဆီများ လိုအပ်သည့် ပြည်သူများကိုလည်း ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်အသေးစား၊ အငယ်စား၊ အလတ်စား (MSME)အသင်းဥက္ကဋ္ဌထံမှ သိရသည်။
တင်စိုးလွင်