သတင်းများ

ကန့်ဘလူမြို့ပေါ်ရှိ ဆေးဆိုင်များတွင် စံမညီဆေးဝါးများ ရောင်းချမှုရှိမရှိ ကွင်းဆင်းစစ်ဆေး
Sep 07,2023
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့ပေါ်ရှိ ဆေးဆိုင်များနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား စံမညီဆေးဝါးများ ရောင်းချမှုရှိမရှိ ကွင်းဆင်းစစ်ဆေးခြင်းကို စက်တင်ဘာ ၆ ရက်နံနက်ပိုင်းက မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ကွင်း ဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ကျွန်းလှမြို့နယ်၌ တရားမဝင် ဆေးဝါးများ ရောင်းချခြင်းရှိမရှိ ကွင်းဆင်းစစ်ဆေး
Sep 07,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းသော ဆေးဝါးများ အသုံးပြုနိုင်ရန်အတွက် တရားမဝင်ဆေးဝါးများ ရောင်းချခြင်းရှိမရှိ ယနေ့နံနက် ၈ နာရီက ကျွန်းလှမြို့ပေါ် ဆေးဆိုင်များ၌ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ဘိုကလေးမြို့နယ်တွင် စားသုံးဆီ(၁)ပိဿာလျှင် (၄၅၀၀)ကျပ်နှုန်းဖြင့် ရောင်းချပေး
Sep 07,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ပြည်သူများ သက်သာချောင်ချိစေရး၊ အခြေခံစားသောက်ကုန်များအား ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူစားသုံးနိုင်စေရေးတို့ကို ရည်ရွယ်ကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှု၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့၏ စီစဉ်ဆောင်ရွက်မှု၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့၏ ပေါင်းစပ်ဆောင်ရွက်မှုတို့ဖြင့် ယနေ့နေ့လယ်(၂)နာရီ အချိန်တွင် ဘိုကလေးမြို့၊ အမှတ်(၄)ရပ်ကွက်ရုံး၌ ရပ်ကွက်အတွင်းမှ ပြည်သူများအား ဘိုကလေးမြို့နယ်အတွင်းမှ ဇော်မျိုးဦး ကုန်စုံဆိုင်နှင့် ဦးလှမြင့် ကုန်စုံဆိုင်တို့မှ ဆီ(၁)ပိဿာလျှင် (၄၅၀၀)ကျပ်ဖြင့် ရောင်းချပေးခဲ့သည်။
ဗန်းမော်တက္ကသိုလ်တွင် အားကစားသရုပ်ပြပွဲနှင့် လူငယ်စကားဝိုင်းကျင်းပ
Sep 07,2023
ဗန်းမော်မြို့ ဗန်းမော်တက္ကသိုလ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် လူငယ်သီတင်းပတ် အထိမ်းအမှတ် အားကစားသရုပ်ပြပွဲနှင့် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို စက်တင်ဘာလ ၇ ရက် နံနက်(၉)နာရီက ဗန်းမော်တက္ကသိုလ် ဘက်စုံသုံးခန်းမတွင် ကျင်းပခဲ့သည်။
လပွတ္တာမြို့နယ်တွင် လူမှုရေးရာဖြစ်ရပ် စီမံခန့်ခွဲမှုအသိပညာပေး သင်တန်းဖွင့်လှစ်
Sep 07,2023
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှုအသိပညာပေးသင်တန်းကို ယနေ့နံနက်(၁၀)နာရီအချိန်က လပွတ္တာမြို့နယ်၊ ၃ မိုင်မြို့သစ်ရှိ လူငယ်အားမာန်သင်တန်းကျောင်း အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့သည်။
ကျွန်းလှမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေး
Sep 07,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးခြင်းကို ယနေ့နံနက် ၉ နာရီခွဲက ကျွန်းလှမြို့၊ ပျဉ်းမမြိုင်ရပ်ကွက်၊ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သုံးခွမြို့နယ် အ.လ.က (၁) တွင် ကျောင်းကြက်ခြေနီနှင့် ရှေးဦးပြုစုခြင်းအကြောင်း သိကောင်းစရာဟောပြောပွဲပြုလုပ်
Sep 07,2023
ရန်ကုန်တိုင်း‌ဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ် အ.လ.က (၁) ကျောင်းတွင် ကျောင်းကြက်ခြေနီနှင့် ရှေးဦးပြုစုခြင်းအကြောင်း သိကောင်းစရာဟောပြောပွဲကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟင်္သာတခရိုင်အဆင့် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မာရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/ ၂၀၂၃) ကျင်းပပြုလုပ်
Sep 07,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မာရေးခရိုင်အဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/ ၂၀၂၃) ကို ယနေ့နံနက် ၁၀ နာရီက ဟင်္သာတမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ရှိဟင်္သာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။