ဇမ္ဗူသီရိမြို့နယ်တွင် “မြို့နယ်အတွင်းသန့်ရှင်းသာယာလှပစေရေးနှင့် ဆေးရုံဥပဓိရုပ်သန့်ရှင်းရေးဆောင်ရွက်ရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး” ကျင်းပ

ဇမ္ဗူသီရိ စက်တင်ဘာ ၇

ဇမ္ဗူသီရိမြို့နယ်အတွင်း သန့်ရှင်းသာယာလှပစေရေးနှင့် ဆေးရုံဥပဓိရုပ်သန့်ရှင်းရေး ဆောင်ရွက်ရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို  ယနေ့နံနက်ပိုင်းက ဇမ္ဗူသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဇမ္ဗူသီရိမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူးဦးနေမျိုးထွန်းက အဖွင့်အမှာစကားပြောကြားရာတွင် ဌာနဆိုင်ရာများမှ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရာ၌ အဆင်ပြေချောမွေ့စေရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်၊ တစ်ပတ်တစ်ခါ အစားအသောက်ဘေးအန္တရယ်ကင်းရှင်းရေး ကွင်းဆင်းဆောင်ရွက်ရန်၊ SME နှင့် မြစိမ်းရောင်ချေးငွေများလည်ပတ်စေပြီး ဒေသဖွံ့ဖြိုးရေးကို အကျိုးပြုစေရန်၊ လယ်ယာမြေများကို အခြားနည်း​ဖြင့်အသုံးမပြု​​စေ​​ရေးကြပ်မတ်ရန်၊ MSMEလုပ်ငန်းများတိုးတက်​စေရေးအတွက် မြို့နယ် MSME အသင်းနှင့်ပူးပေါင်းဆောင်ရွက်ရန်၊ ဝန်ထမ်းများ အနေဖြင့်ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာစေရေးနှင့် မြို့ရွာများ သန့်ရှင်းသာယာလှပစေ​ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန်၊ ထူးခြားဖြစ်စဉ် သတင်းများရှိပါက အချိန်နှင့်တစ်ပြေးညီ တင်ပြနိုင်ရေးနှင့် ဆက်လက်ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များအား အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် အစည်းအဝေးကို တက်ရောက်လာကြသော ဌာနဆိုင်ရာများက အထွေထွေအကြံပြုဆွေးနွေးခဲ့ကြပြီး မြို့နယ်အုပ်ချုပ်ရေးမှူးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကာ အစည်းအဝေးကိုရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။

အောင်သူရဦး(ပြန်/ဆက်)