သာပေါင်း စက်တင်ဘာ ၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ သဲဖြူကျေးရွာအုပ်စုတွင် မိုးကြိုးပစ်ထိခိုက် သေဆုံးသူ တစ်ဦးအတွက် ကျန်ရှိမိသားစုထံ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ယနေ့ စက်တင် ယမန်နေ့ မွန်းတည့် ၁၂ နာရီအချိန်က ထောက်ပံ့ပေးငွေပေးအပ်ခဲ့သည်။
သာပေါင်းမြို့နယ်၊ သဲဖြူကျေးရွာအုပ်စု၊ သဲဖြူကျေးရွာတွင် စက်တင်ဘာလ ၄ ရက်နေ့၊ ညနေ ၅ နာရီအချိန် က မိုးရွာသွန်းနေစဉ် မိုးကြိုးပစ်ထိခိုက် သေးဆုံးသူ ဦးအောင်အောင်(ခ) ဦးတင်မောင်ထွေး အသက် (၃၂/၂၃)၊ (ဘ)ဦးစံအောင်၊ မိုးကြိုးဘေးသင့်သေဆုံးသူ၏ ကျန်ရစ်သူ မိသားစုထံသို့ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ ကယ်ဆယ်ရေးရန်ပုံငွေ (၃၀၀၀၀၀) ကျပ်အား လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြ ကြောင်း သိရသည်။
မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်