ဒေးဒရဲမြို့နယ်တွင် အခြေခံစားသောက်ကုန်များအား စျေးနှုန်းမှန်ကန်စွာ ရောင်းချမှုရှိစေရေး ကွင်းဆင်းစစ်ဆေး
Sep 07,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ကုန်ပစ္စည်း များနှင့် အစားအစာများ ဝယ်ယူစားသုံးရာတွင် အဆင်ပြေချောမွေ့စွာ ဝယ်ယူစားသုံးနိုင်ရေးနှင့် ကုန်ပစ္စည်းအရောင်းဆိုင်များက စျေးနှုန်းမှန်ကန်စွာရောင်းချပေးနိုင်ရေး ကွင်းဆင်းစစ်ဆေးခြင်း ကို ယမန်နေ့ မွန်းလွဲ (၂)နာရီက မြို့ပေါ်ရပ်ကွက်များနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစျေးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။