သတင်းများ

ရေဖြူမြို့နယ်၌ မိုးစပါးစိုက်ပျိုးရေး (မြစိမ်းရောင်)စီမံကိန်း မတည်ချေးငွေကျပ်(၁၇၀၄)သိန်း ထုတ်ချေး
Sep 07,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ သမဝါယမဦးစီးဌာနရှိ မိုးစပါးစိုက်ပျိုးသူ တောင်သူများ အသင်းဝင်များကို နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ငွေကျပ်(၁၇၀၄)သိန်း ထုတ်ချေးပေးခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀နာရီခွဲက အ-ထ-က ရေဖြူ ကျောင်းခန်းမ၌ ပြုလုပ်သည်။
ရွှေဘိုတက္ကသိုလ်၌ ခရိုင်အဆင့်(၂၄)​ကြိမ်မြောက် မြန်မာ့ရိုးရာ ယဥ်​ကျေးမှုအဆို၊ အက၊ အ​ရေး၊ အတီးပြိုင်ပွဲ ကျင်းပ
Sep 07,2023
​စစ်ကိုင်းတိုင်း​​ဒေသကြီး​ရွှေဘိုခရိုင်၊​ ရွှေဘိုတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းတွင် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (ခရိုင်အဆင့်)ဖွင့်ပွဲ အခမ်းအနားကိုယ​နေ့နံနက် ၉ နာရီချိန်က ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်တွင် အခြေခံစားသောက်ကုန်များအား စျေးနှုန်းမှန်ကန်စွာ ရောင်းချမှုရှိစေရေး ကွင်းဆင်းစစ်ဆေး
Sep 07,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ကုန်ပစ္စည်း များနှင့် အစားအစာများ ဝယ်ယူစားသုံးရာတွင် အဆင်ပြေချောမွေ့စွာ ဝယ်ယူစားသုံးနိုင်ရေးနှင့် ကုန်ပစ္စည်းအရောင်းဆိုင်များက စျေးနှုန်းမှန်ကန်စွာရောင်းချပေးနိုင်ရေး ကွင်းဆင်းစစ်ဆေးခြင်း ကို ယမန်နေ့ မွန်းလွဲ (၂)နာရီက မြို့ပေါ်ရပ်ကွက်များနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစျေးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စစ်ကိုင်းမြို့နယ်တွင် ဆေးပုလဲသဘာဝပိုးနှင်ဆေး ပြုလုပ်သုံးစွဲမှု လက်တွေ့ပြသခြင်းနှင့် စပါးဆစ်ပိုးရောဂါ ကာကွယ်နှိမ်နှင်းခြင်း နည်းပညာပေးဆွေးနွေးပွဲ ကျင်းပ
Sep 07,2023
စစ်ကိုင်းခရိုင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူး၍ စစ်ကိုင်းမြို့နယ်အတွင်း ဆေးပုလဲသဘာဝပိုးနှင်ဆေးပြုလုပ်သုံးစွဲမှု လက်တွေ့ပြသခြင်းနှင့် စပါးဆစ်ပိုးရောဂါ ကာကွယ်နှိမ်နှင်းခြင်း နည်းပညာပေးဆွေးနွေးပွဲကို ယမန်နေ့က အဆိုပါရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ သစ်ပင်လဲကျ၍ လမ်းပိတ်ဆို့နေမှုအား ခရီးသွားပြည်သူများ ယာဉ်အန္တရာယ်ကင်းစွာသွားလာနိုင်ရန် ရှင်းလင်းဆောင်ရွက်
Sep 07,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် စိုက်ပျိုးရေးသိပ္ပံကျောင်းအနီး ပွင့်ဖြူ-မင်းဘူး-မကွေးသွားကားလမ်းတွင် ယနေ့နံနက်ပိုင်းက သစ်ပင်လဲကျပြီး လမ်းပိတ်ဆို့မှုဖြစ်ပွားနေကြောင်း သိရ၍ ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ ယာဉ်အန္တရာယ်ကင်းစွာ သွားလာနိုင်ရေးအတွက် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများနှင့်ပူးပေါင်းပြီး သွားရောက်ခုတ်ထွင်ရှင်းလင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တနင်္သာရီမြို့နယ်၌မြစိမ်းရောင်ကျေးရွာ စီမံကိန်းအရင်းမပျောက်လည်ပတ် ရန်ပုံငွေ(နဝမ)အကြိမ် (၉၉၂)သိန်းကျပ်တောင်သူ(၂၀၆)ဦးအား ထုတ်ချေးပေး
Sep 07,2023
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ယမန်နေ့နံနက်ပိုင်းက ဇဝဲကျေးရွာ အုပ်စု-ဇဝဲကျေးရွာ၌ မြစိမ်းရောင် ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ (နဝမ)အကြိမ်အဖြစ် ချေးငွေထုတ်ချေးပေးခဲ့ကြောင်းသိရသည်။
စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် လူငယ်သီတင်းပတ်အဖြစ် လူငယ်နှင့်လောကနီတိ ဟောပြောပွဲကျင်းပ
Sep 07,2023
စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် လူငယ်သီတင်းပတ်အဖြစ် လူငယ်နှင့်လောကနီတိ ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးပွဲကို ယမန်နေ့က အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စဉ့်ကူးမြို့နယ် ပင်လယ်ကြီးကျေးရွာတွင် ပန်းခင်းစီမံချက်(၂)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်
Sep 07,2023
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်(၂)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက စဉ့်ကူးမြို့နယ်၊ လက်ပန်လှ ကျေးရွာအုပ်စု၊ ပင်လယ်ကြီးကျေးရွာ၌ နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။