သတင်းများ

ပြည်ပဈေးကွက်အထိ ထိုးဖောက်ရန် လုပ်ဆောင်လျက်ရှိနေသည့်  GW  NINE FIVE (SSC CRAB) ကဏန်းပျော့ မွေးမြူခြင်းလုပ်ငန်း
Sep 07,2023
ရှေ့လုပ်ငန်းစဥ်(၅)ရပ်အား လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက် နိုင်ငံတော်အစိုးရအနေဖြင့် ယခုအချိန်တွင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို ရှေ့ရှုပြီး ရှေ့လုပ်ငန်းစဥ်(၅)ရပ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံအနေဖြင့် စိုက်ပျိုးရေးနိုင်ငံဖြစ်ခြင်း၊ အင်းအိုင်၊ မြစ်ချောင်းများပေါများကာ မွေးမြူရေးလုပ်ငန်းများ ထွန်းကားခြင်းတို့ကြောင့်  ရှေ့လုပ်ငန်းစဥ်(၅)ရပ်တွင် အချက်တစ်ချက်ဖြစ်သည့် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများအား မြှင့်တင်၍ နိုင်ငံ့စီးပွားမြင့်မားရေးနှင့် ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုစီးပွားဘဝမြင့်မားရေးကြိုးပမ်းဆောင်ရွက်သွားရန် ဟူသည့် လုပ်ငန်းစဥ်အား လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။
ပခုက္ကူမြို့၌ ၂၀၂၃ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသန့်ရှင်းသောလေထုနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ
Sep 07,2023
၂၀၂၃ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသောလေထုနေ့ (International Day of Clean Air For Blue Skies)ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီ အချိန်က ပခုက္ကူမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။
ပျဉ်းမနားမြို့နယ်အတွင်းရှိ ပြည်သူများအား စားသုံးဆီ တစ်ပိဿာလျှင် ၄၅၀၀ နှုန်းဖြင့် ရောင်းချပေး
Sep 07,2023
နေပြည်တော် စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ စားသုံးဆီများကို ဈေးနှုန်းသက်သာစွာဖြင့် ပြည်သူများလက်ဝယ်အရောက် ရောင်းချပေးခြင်းကို ယနေ့နံနက်ပိုင်းက ပျဉ်းမနားမြို့၊ ရွှေချီရပ်ကွက်၌ ဆောင်ရွက်ပေးခဲ့သည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား အသက်(၂၅)နှစ်အောက် မြို့နယ်ပေါင်းစုံလက်ဝှေ့ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် နမ့်စန်မြို့နယ်ကိုယ်စားပြုအားကစားသမားများအား အောင်နိုင်ရေးအလံ ပေးအပ်
Sep 07,2023
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် ကျင်းပပြုလုပ်မည့် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား၊ မြို့နယ်အလိုက် အသက်(၂၅)နှစ်အောက် အမျိုးသား /အမျိုးသမီး လက်ဝှေ့ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်ကိုယ်စားပြု လက်ဝှေ့အားကစားသမားများအား အောင်နိုင်ရေးအလံပေးအပ်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
မုဒုံမြို့၌ ယူရီးယားဓာတ်မြေသြဇာနှင့် သဘာဝမြေသြဇာများ ဖြန့်ဖြူးပေး
Sep 07,2023
မွန်ပြည်နယ် မုဒုံမြို့နယ်အတွင်းရှိ ၂၀၂၃ ခုနှစ် မိုးစပါးစိုက်ပျိုးမည့် တောင်သူများအား ယူရီးယားဓာတ်မြေသြဇာနှင့် ရွှေဇီဝသဘာဝမြေသြဇာများ ဖြန့်ဖြူးခြင်းကို ယနေ့ နံနက် ၉ နာရီက မြို့မ (၄) ရပ်ကွက်ရှိ စိုက်ပျိုးရေးဂိုထောင်၌ စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးသည်။
မုံရွာတက္ကသိုလ်၌ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ပွဲတော် တတိယ‌နေ့ ဆက်လက်ကျင်းပ
Sep 07,2023
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာတက္ကသိုလ်၌ လူငယ်သီတင်းပတ် (Youth Week) အဖြစ် သတ်မှတ်၍ လူငယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဗလ ဘက်စုံဖွံဖြိုးရေးအတွက် ရည်ရွယ်ပြီး ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ပွဲတော်ကို စက်တင်ဘာ(၄)ရက်နေ့မှ စတင်ပြီး အဆိုပါ တက္ကသိုလ် ဘွဲနှင်းသဘင်းခန်းမရှေ့၌ ကျင်းပပြုလုပ်ပေးလျက်ရှိရာ တတိယနေ့တွင်လည်း ဂီတဆည်းဆာ ပြိုင်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မက်မန်းမြို့နယ်တွင် လူငယ်သီတင်းပတ် ဗလငါးတန်ဖွံ့ဖြိုးရေးလှုပ်ရှားမှုအဖြစ် လူငယ်ရေးရာစကားဝိုင်း ကျင်းပ
Sep 07,2023
နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာစေရန်၊ နိုင်ငံ့သားကောင်းရတနာများဖြစ်သည့် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ကျောင်းသားကျောင်းသူများအနေဖြင့် ကျောင်းစာအပြင် ပြင်ပစာပေစာပေဗဟုသုတများ ကြွယ်ဝလာစေရန်၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်လာနိုင်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မက်မန်းမြို့ အခြေခံပညာအထက်တန်းတို့ ပူးပေါင်း၍ လူငယ်နှင့်ပညာစကားဝိုင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မက်မန်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ အောင်ရတနာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ကျောက်တော်မြို့နယ် မုန်တိုင်းသင့်ပြည်သူများအား စားအုံးဆီများအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး
Sep 07,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်တွင် မုန်တိုင်းသင့်ပြည်သူများအား စားအုံးဆီများကို ပြင်ပဈေးနှုန်းထက် သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ယနေ့နံနက် ၉ နာရီအချိန်က စားအုံးဆီများ သက်သာသောဈေးနှုန်းများဖြင့် လာရောက်ရောင်းချပေးခဲ့သည်။