သတင်းများ

ပုလောမြို့နယ် ကျောက်မှော်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ် ရန်ပုံငွေ သိန်း (၇၀၀)ကို အဋ္ဌမအကြိမ်မြောက် ထုတ်ချေးပေး
Sep 08,2023
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့် အလမ်းများရရှိပြီး၊ မိသားစုဝင်ငွေတိုးပွားလာစေခြင်းဖြင့် ဆင်းရဲမှုနှုန်းကို လျော့ချနိုင်စေရန်နှင့် တစ်နိုင်တစ်ပိုင်စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်နိုင်စေရန်၊ အခြားမိသားစုဝင်ငွေများ တိုးပွားရေးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်နိုင်စေရန်ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေများ အဋ္ဌမအကြိမ်အရင်းငွေထုတ်ချေးခြင်း အခမ်းအနားကို ပြည်ခြားကျေးရွာအုပ်စု ကျောက်မှော်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပခဲ့သည်။
ကျွန်းစုမြို့တွင် အ.ထ.က တာရပိုင်းကျောင်း၌ လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်အားကစား ခေါင်းစဉ်တို့ဖြင့် လူငယ်စကားဝိုင်း ကျင်းပ
Sep 08,2023
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍  လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က အ.ထ.က တာရပိုင်းကျောင်း၌ ကျင်းပခဲ့သည်။
မင်္ဂလာဒုံခရိုင်အတွင်းအတွင်း ရုပ်မြင်သံကြားနှင့်ဗီဒီယိုဥပဒေပါ ပြဌာန်းချက်များနှင့်အညီ လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်ရေးရှိမရှိ ကွင်းဆင်းစစ်ဆေးသွားမည်
Sep 08,2023
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်တွင်းရှိ မြို့နယ်များအတွင်း ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေပါ ပြဌာန်းချက်များနှင့်အညီ လုပ်ငန်းလုပ်ကိုင်မှုများ ရှိ/မရှိ မြေပြင်ကွင်းဆင်းစစ်ဆေးရန်နှင့် လုပ်ငန်းများဆောင်ရွက်မှု အခက်အခဲများညှိနှိုင်းသည့် အစည်းအဝေးကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကြီးကြပ်ရေးကော်မတီအဖွဲ့ဉက္ကဋ္ဌ ဦးဆောင်၍ ကျင်းပပါသည်။
စလင်းမြို့နယ်တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကျောက်ရဲကျွန်းကျေးရွာ ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနား
Sep 08,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကျောက်ရဲကျွန်းကျေးရွာရှိ အိမ်ထောင်စု (၈၅) စု၊ လူဦးရေ (၃၀၈) ဦးတို့ ဧရာဝတီမြစ်ရေ မြှင့်တက်ရေဝင်ရောက်မှုကြောင့် မြစ်ကမ်းပါးပြိုကျမည် စိုးရိမ်ရသဖြင့် ကြိုတင်ပြောင်းရွှေ့ခဲ့သည့် ပြည်သူများအား ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် (၁၁) နာရီ (၃၀) အချိန်က ကျောက်ရဲကျွန်းဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
မိုင်းတုံမြို့နယ်၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ
Sep 08,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ နားကောင်းမူးကျေးရွာအုပ်စု၊ အခြေခံပညာမူလတန်းလွန်စာသင်ကျောင်း၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် (၁၁) နာရီ (၄၀) အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
မြစ်သားမြို့နယ်အတွင်းရှိ ကံဆွယ်အုပ်စု၊ မြသုခကျေးရွာ၌ ကျေးလက်နေပြည်သူများ သောက်သုံးရေ ရရှိရေး ကျောက်လွှာဖောက်၍ စက်ရေတွင်းတူးဖော်ပေးလျက်ရှိ
Sep 08,2023
မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းရှိ ကံဆွယ်အုပ်စု၊ မြသုခကျေးရွာ၌ ၂၀၂၃-၂၀၂၄ ခုနှစ် ခြောက်လဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုအစိုးရခွင့်ပြု ရန်ပုံငွေကျပ် (၁၅.၆၇၀) သန်းဖြင့် ဒေသခံ ပြည်သူများ သောက်သုံးရေ အဆင်ပြေစေရေးအတွက် ကျေးလက်‌ဒေသ ရေရရှိရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်‌ပေးလျက်ရှိကြောင်း သိရသည်။
ကော့သောင်းမြို့တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများဆောင်ရွက်
Sep 08,2023
၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့တွင် ကျရောက်သော စတုတ္ထအကြိမ်မြောက် အပြည်ပြည်ဆိုင်ရာသန့်ရှင်းသောလေထုနေ့ (International Day of Clean Air for Blue Skies) ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စက်တင်ဘာလ(၆)ရက်နေ့က ကော့သောင်းခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ကော့သောင်းမြို့နယ်၊ (၁၀)မိုင်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းနှင့် အစိုးရနည်းပညာ အထက်တန်းကျောင်းတို့တွင် အသိပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်ခဲ့သည်။
ကျွန်းစုမြို့နယ်အတွင်းရှိ စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ရေးကော်မတီလုပ်ငန်းနှင့် SMART Village စီမံကိန်းဖြင့် ဆောင်ရွက်မည့်လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပ
Sep 08,2023
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်အတွင်းရှိ စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ရေး ကော်မတီလုပ်ငန်းနှင့် SMART Village စီမံကိန်းဖြင့် ဆောင်ရွက်မည့်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က မြို့နယ်ကျွန်းရတနာခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။