တောင်ပြိုလက်ဝဲမြို့၌ ဦးတည်အုပ်စုတွင်ပါဝင်သူများအားထပ်ဆောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး

တောင်ပြိုလက်ဝဲ     စက်တင်ဘာ  ၇

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့၌ ကိုဗစ်-၁၉ ကာကွယ်ဆေးလေးကြိမ် ထိုးနှံပြီးစီးသော ဦးတည်အုပ်စုတွင်ပါဝင်သူများအား ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးခြင်းကို  ယနေ့ နံနက်ပိုင်းက သတ်မှတ်စုရပ်နေရာ ဆေးရုံဝင်းအတွင်း၌ ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးခဲ့ကြသည်။

 ထိုသို့ ဆောင်ရွက်ပေးရာတွင် ကျန်းမာရေးဝန် ထမ်းများက ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ  စာရင်းများမှတ်ယူခြင်း၊ လာရောက်ထိုးနှံသည့်သူများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ သွေးတွင်းအောက်စီဂျင်ပမာဏ တိုင်းတာပေးခြင်း၊ ကျန်းမာရေး စစ်ဆေးခြင်းများကို ဆောင်ရွက်ပေးကာ ပုံမှန်အခြေအနေရှိမှသာ စနစ်တကျကာကွယ် ဆေးထိုးနှံပေးပြီး ထိုးနှံပြီးသည့်သူများကို မိနစ် ၃၀ ခန့် အနားယူစေသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရာတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်စာရေးများ ကပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံသူများအား ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီထိုးနှံပေးခဲ့ကြောင်း သိရသည်။

သိန်းနိုင်(ပြန်/ဆက်)