အ.ထ.က ဝက်ခြံဂရက်ကျောင်း၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ကျောင်းကုန်း စက်တင်ဘာ ၇

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ဝက်ခြံဂရက်အုပ်စု၊ ဝက်ခြံ ဂရက်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် အ.ထ.က ဝက်ခြံဂရက်ကျောင်းအုပ်ဆရာမကြီး ဒေါ်ညွန့်ညွန့်နွယ်က အဖွင့် အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်လှိုင်ပို့ပို့ဇင်က နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အကြောင်းနှင့် မူးယစ်ဆေးဝါး အန္တရာယ် အကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန မြို့နယ် တာဝန်ခံ ဦးတင်ကိုက ကုန်စည်များနှင့် စပ်လျဉ်းပြီး ရွေးချယ် ဝယ်ယူအသုံးပြုရာတွင် သတိပြု ရမည့် ကုန်ညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။    

ထို့နောက် အားကစားနှင့် ကာယပညာဦးစီးဌာန အားကစားမှူး ဦးထွန်းထွန်းဝင်းက လူငယ်နှင့် အားကစား အခွင့်အလမ်းခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပြီး အားကစားမှူး ဦး လက်ခံရယူခဲ့သည်။ အခမ်းအနားအပြီး၌ ကျောင်းသား/ကျောင်းသူများ ဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ/ရသစာအုပ်များ ဖတ်ရှုစေခဲ့ပြီး မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုအကြောင်း  နံရံကပ်စာစောင်ပြသ ပေးရာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)