လှိုင်းဘွဲမြို့နယ်တွင် ရေဘေးကျရောက်သော နွမ်းပါးအိမ်ထောင်စု(၅၀)စုအား စာနပ်ရိက္ခာများ လိုက်လံထောက်ပံ့ပေးအပ်
Aug 06,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းပြီး တောင်ကျချောင်းရေ စီးဆင်းလာမှုနှင့် လှိုင်းဘွဲချောင်းရေ မြင့်တက်လာမှုတို့ကြောင့် ရေဘေးကျရောက်သော အိမ်ထောင်စုများအနေဖြင့် ရေဘေးလွတ်ရာသို့ ပြောင်းရွေ့နေထိုင်ပေးလျက်ရှိရာ ပြောင်းရွေ့နေထိုင်ခြင်းမရှိသော နွမ်းပါးအိမ်ထောင်စုများအနေဖြင့် အဆင်ပြေစေရန်အတွက် မြို့နယ်ကြက်ခြေနီအသင်းခွဲနှင့် ကူညီမဲ့တွဲလက်များအဖွဲ့တို့က စာနပ်ရိက္ခာများ လိုက်လံထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။