တိုက်ကြီးမြို့နယ်တွင် ၂၀၂၃ ခုနှစ် မိုးစပါးရေတော်မိုးတော်ထွန်တုံးပိတ်ပွဲအခမ်းအနား ကျင်းပ
Aug 06,2023
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်တွင် ၂၀၂၃ ခုနှစ် မိုးစပါး ရေတော်မိုးတော်ထွန်တုံးပိတ်ပွဲအခမ်းအနားကို ဩဂုတ် ၄ ရက်နေ့ နံနက်ပိုင်းက တိုက်ကြီးမြို့နယ်အတွင်းရှိ ကျိုက်စကိုင်းကျေးရွာအုပ်စု ကျိုက်စကိုင်းကျေးရွာ တောင်သူ ဉီးမောင်စိုး၏ မိုးစပါး စိုက်ပျိုးဧက(၅)ဧက စနစ်တကျလယ်ယာမြေတွင် ကျင်းပခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဉီးစိုးသိန်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြောင်း သိရသည်။