သတင်းများ

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးမြို့နယ် သပြေစမ်းကျေးရွာအနီး တည်ဆောက်လျက်ရှိသည့် 100 MW (Gas Engine + Solar Hybrid)ဓါတ်အားပေးစက်ရုံစီမံကိန်း ကြည့်ရှုစစ်ဆေး
Aug 07,2023
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်သည် သယံဇာတရေးရာဝန်ကြီး ဦးစိုင်းမြင့်အေးနှင့် အတူ ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါကာ သြဂုတ်လ ၅ ရက်နေ့ နံနက်ပိုင်းက မကွေးမြို့နယ် သပြေစမ်းကျေးရွာအနီး တည်ဆောက်လျက်ရှိသည့် 100 MW (Gas Engine + Solar Hybrid) ဓါတ်အားပေးစက်ရုံစီမံကိန်းလုပ်ငန်း ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှု စစ်ဆေးသည်။ 
ရခိုင်ပြည်နယ် ရသေ့တောင်မြို့တွင် စိုက်ပျိုး‌‌ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် မျိုးစပါးစိုက်ပျိုးနေမှု၊ ပျိုးထောင်ထားရှိမှုနှင့် မြေပြုပြင်ထွန်ယက်နေမှုများအား လိုက်လံကြည့်ရှု
Aug 07,2023
ရခိုင်ပြည်နယ် ရသေ့တောင်မြို့တွင် စိုက်ပျိုး‌‌ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထဋ်၊ ဦးယျာဉ်ခြံသီးနှံညွှန်ကြားရေးမှူးဦးမျိုးဇော်၊ ဒုတိယပြည်နယ်ဦးစီးမှူး ဒေါ်လှသီင်္ဂီနှင့် စစ်တွေခရိုင် ဦးစီးမှူးဦးအေးထွန်းတို့သည် ယနေ့၊ နံနက်(၁၀)နာရီက ရသေ့တောင်မြို့သို့ ရောက်ရှိပြီး ရသေ့တောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းထက်နှင့် မစဖအဖွဲ့ဝင်များ စိုက်ပျိုးကြီးကြပ်ရေး ကော်မတီဝင်များက ကြိုဆိုခဲ့ကြသည်။
ဆည်ရေသောက်စနစ် ဆည်ရေအသုံးချသူများအဖွဲ့နှင့် တွေ့ဆုံအသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်
Aug 07,2023
ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့ ဆည်မြောင်းစခန်းတွင် ယမန်နေ့နံနက်ပိုင်းက ပဲခူးမြို့နယ်အတွင်းရှိ ဇောင်းတူ၊ မဇင်း၊ ဇလက်ထော်၊ အလိုင်နီ၊ ရွှေပြည်-၃ ရေလှောင်တမံများမှ ဆည်ရေသောက်စနစ်များမှ ရေအသုံးချသူများအဖွဲ့နှင့် ဆည်မြောင်းနှင့်ရေအသုံးချမှု လစီမံခန့်ခွဲရေးဦးစီးဌာန(ရုံးချုပ်) ရေစီမံခန့်ခွဲရေးဌာနစိတ်မှ တာဝန်ရှိသူများ အသိပညာပေးတွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်သည်။
ရွှေဘိုခရိုင်ရုံး၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင် တန်ဖိုးမြှင့်စား​သောက်ကုန် (Bakery အမျိုးမျိုး) ထုတ်လုပ်မှုနည်းပညာသင်တန်း (၄/၂၀၂၃ ) ဆင်းပွဲကျင်းပ
Aug 07,2023
စစ်ကိုင်းတိုင်း​ဒေသကြီးအစိုးရအဖွဲ့ တိုင်း​ဒေသကြီး က​လေးအလုပ်သမားပ​ပျောက်​ရေး ဆိုင်ရာကော်မတီ၊​ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီး​ပေး​ရေးလုပ်ငန်း​ကော်မတီနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူး​ပေါင်းကျင်းပပြုလုပ်သည့် တန်ဖိုးမြှင့်စား​သောက်ကုန် (Bakery အမျိုးမျိုး) ထုတ်လုပ်မှုနည်းပညာသင်တန်း (၄/၂၀၂၃) ဆင်းပွဲအခမ်းအနားကို ယမန်​နေ့မွန်းလွဲပိုင်းက ခရိုင်ပြန်ကြား​ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအ​ခြေပြုဗဟိုဌာနခန်းမတွင် ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။
သာယာဝတီခရိုင်၌ အစိုးရအဖွဲ့အစီအစဉ်ဖြင့် မှာယူထားသည့် တန်ဖိုးနည်းလက်စွဲကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်ချီးမြှင့်
Aug 07,2023
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ရုံးတာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းက သာယာဝတီခရိုင်၌ အစိုးရအဖွဲ့အစီအစဉ်ဖြင့် မှာယူထားသည့် တန်ဖိုးနည်းလက်စွဲကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်ချီးမြှင့်သည်။
တွံ​တေးခရိုင်ပညာရေးမှူးရုံး ပထမအကြိမ် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပူဇော်ပွဲကျင်းပ
Aug 07,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ခရိုင်ပညာရေးမှူးရုံးတွင် ပထမအကြိမ် ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ခရိုင်ပညာရေးမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ခရမ်းမြို့နယ် ကံသာကျေးရွာတွင် ပန်းခင်းစီမံချက် (၂) ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်
Aug 06,2023
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးမောင်မောင်သန်းနှင့်အတူ ဝန်ထမ်းများ၊ ကံသာကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များသည် ခရမ်းမြို့နယ် ကံသာကျေးရွာ ဘုန်းတာ်ကြီးကျာင်း ဓမ္မာရုံတွင် ယမန်နေ့ နံနက် (၉:၀၀)နာရီမှ ပန်းခင်းစီမံချက် (၂)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ဝန်းသိုမြို့၌ ကြက်မောက်ပင်များ အသီးနည်းပြီး အရောင်းပါးနေ
Aug 06,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့ပေါ်၊ ဥယျာဉ်တော်ရပ်ရှိ နေအိမ်ခြံမြေများအတွင်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးထားသည့် ကြက်မောက်သီးထွက်ရှိချိန်တွင် သဘာဝဘေးအန္တရာယ်များကြောင့် အသီးနည်းပြီးရရှိလာသည့်အသီးများကို ရောင်းချရာတွင်လည်း အရောင်းပါးဖြစ်နေကြောင်း ကြက်မောက်သီးစိုက်ပျိုးရောင်းချသူတစ်ဦးထံမှ သိရသည်။