သတင်းများ

အခြေခံနှင့်မွမ်းမံစက်ချုပ်နည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
Aug 08,2023
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနကကြီးမှူး၍ အသေးစား၊ အငယ်စား စီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေ တိုးပွားရေးဆောင်ရွက်မည့် အခြေခံနှင့်မွမ်းမံ စက်ချုပ်နည်းပညာ သင်တန်းဖွင့်ပွဲအခမ်းအနားကို ဗန်းမော်မြို့နယ် ခိုကျင်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၌ ယမန်နေ့နံနက် ၁၀ နာရီခန့်က ကျင်းပခဲ့ကြောင်း သိရသည်။
ဘူးသီးတောင်မြို့နယ်၌ စစ်ကြောင်းကြီး (၅) ကြောင်းဖြင့် ကျေးရွာများသို့ သက်ဆိုင်ရာတာဝန်ရှိသူများက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Aug 08,2023
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်၌ စစ်ကြောင်းကြီး (၅) ကြောင်းဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများက အင်းချောင်းကျေးရွာအုပ်စု၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန် ယမန်နေ့ညနေပိုင်းက အဆိုပါကျေးရွာများရှိ အ.မ.က စာသင်ကျောင်း၌ လူထုတွေ့ဆုံပွဲပြုလုပ်သည်။
ပင်းတယ၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အဆင့်မြင့်အပ်ချုပ်စက်သင်တန်း ဖွင့်လှစ်
Aug 08,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် ၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ် အသက်မွေးဝမ်းကျောင်း အထောက် အကူပြု အဆင့်မြင့် အပ်ချုပ်စက်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက တမဲကျေးရွာအုပ်စု၊ တမဲကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုင်းခတ်မြို့၌ မြို့နယ်လုံးဆိုင်ရာစုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကျင်းပ
Aug 08,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် မြို့နယ်လုံးဆိုင်ရာစုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က မိုင်းခတ်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ထားဝယ်မြို့တွင် စက်လှေကိုင်တွယ်မောင်းနှင်ထိန်းသိမ်းမှု (မွမ်းမံ)သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ
Aug 08,2023
စက်လှေကိုင်တွယ်မောင်းနှင်ထိန်းသိမ်းမှု(မွမ်းမံ)သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီ က ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနရုံး၌ ကျင်းပသည်။
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့ မြို့မဂိုဏ်းချုပ်ကျောင်းတိုက်တွင် တရားစခန်းပွဲ ဖွင့်ပွဲကျင်းပ
Aug 08,2023
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့ မြို့မဂိုဏ်းချုပ်ကျောင်းတိုက် သာသနာဟိတကာရီကျောင်းဆောင်အပေါ်ထပ်တွင် နှစ်စဉ်ကျင်းပသည့် ဝါတွင်း(၃)လ မိုးကုတ်ဝိပဿနာ တရားစဉ်နှင့် လုပ်ငန်းစဉ်အချိန်ပိုင်း တရားစခန်းဖွင့်ပွဲကို ယမန်နေ့ညနေပိုင်း (၆)နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပဲခူးမြို့ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၌ (၂/၂၀၂၃) ဘင်ခရာသင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ
Aug 08,2023
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၌ (၂/၂၀၂၃) ဘင်ခရာသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက် (၉)နာရီက အဆိုပါကျောင်းရှိ ပင်မဆောင်ရှေ့၌ ကျင်းပပြုလုပ်ခဲ့သည်။ 
ငါ့သရောက်မြို့(အ.ထ.က)ကျောင်းတွင် အလယ်တန်းအဆင့် ဘောလုံး အားကစားပြိုင်ပွဲ ကျင်းပ
Aug 08,2023
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦခရိုင် ငါ့သရောက်မြို့တွင် ယမန်နေ့က အလယ်တန်းအဆင့် ဘောလုံးအားကစားပြိုင်ပွဲကို ငါ့သရောက်မြို့ (အ.ထ.က)ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။